ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးအကြိုညိှနှိုင်းဆွေးနွေးပွဲမှတ်တမ်းဓါတ်ပုံများ

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

စီးပွာရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင် မြတ်တော်ဝင်ဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့ရာအဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၈၀)ဦးတက်​ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာဌာနအသီးသီးမှ တောင်းခံ ထားသည့် Contact Person များအား ပထမအကြိမ် တွေ့ဆုံမှုပြုရန်နှင့် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းအတွက် အချက်အလက်များကောက်ခံခြင်းအပါအဝင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရန် ဖြစ်ပါသည်။