ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး တက်ရောက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၇)ရက်နေ့ထိ Horizon Lake View Resort Hotel ၊ နေပြည်တော်၌ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲသည် ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအစည်းအဝေး ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် အပြောင်းအလဲများ၊ မူဝါဒများ၊ရှေ့ဆက်ဆောင်ရွက်သွားရမည့် အစီအစဉ်များသိရှိရန်နှင့်လိုအပ်သည်များကို အသိပညာ ဖြန့်ဝေပေးနိုင်ရေးအတွက်ဖြစ်ပါသည်။ 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာပထမအကြိမ် TPR Recommendation ပါဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံမှ မဖြစ်မနေလိုက်ပါဆောင်ရွက် ရမည့် ကုန်သွယ်မှုဆိုင်ရာ ပွင့်လင်းမြင်သာရှိစေမည့် ကိစ္စရပ်များမှာလိုအပ်သည့် နည်းပညာ အကူအညီများပေးနိုင်ရေးနှင့် Donor များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဦးအောင်ထူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သောဝန်ကြီးဌာန (၁၂) ဌာနအောက်ရှိဦးစီးဌာန (၂၇) ဌာနမှ ကိုယ်စားလှယ် စုစုပေါင်း(၅၅) ဦး၊ UMFCCI မှ ကိုယ်စားလှယ် (၃) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံးချုပ်မှ ကုန်သွယ်မှုမူဝါဒ  ကျွမ်းကျင်ပညာရှင်များ ဖြစ်သော Dr.LaungaMukelaFaustinနှင့် Mr. KHILJI Usman Ali တို့ တက်ရောက်ခဲ့ကြပါသည်။