ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော 5th Global Review of Aid for Trade

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော5th  Global Review of Aid for Trade: Reducing Trade Cost ဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံးချုပ်တွင် (၃၀-၆-၂၀၁၅) ရက်နေ့မှ (၃-၇-၂၀၁၅) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မှ ကြီးမှူးကျင်းပသော အစည်းအဝေးများနှင့် ဆွေးနွေးပွဲများတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဒုတိယဝန်ကြီး စသော ဝန်ကြီးဌာန အကြီးအကဲများတက်ရောက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပြင် လက်ရှိ နိုင်ငံတော်၏ စီးပွားရေးပြုပြင်ပြောင်းလဲချက်များနှင့် အညီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှုတွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းကို ထင်ဟပ်စေခဲ့ပြီး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် မြန်မာနိုင်ငံ၏အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ခဲ့ပါသည်။