M-STEP စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ ၇ ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်

M-STEP စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ ၇ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၅ရက် နေ့လယ် ၁၃း၀၀ နာရီခန့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုးချဲ့အစည်းအဝေးခန်းမ၌ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စီမံကိန်းနှင့် သက်ဆိုင်သည့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။