Sustainability Plan and Exit Strategy (မူကြမ်း)နှင့် စပ်လျဉ်းသည့် ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

Aid for Trade Coordination Unit က ရေးသားပြုစုလျက်ရှိသည့် Sustainability Plan and Exit Strategy (မူကြမ်း)နှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၄ရက် နေ့လည် ၁နာရီခန့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် - ၃ ၊ တိုးချဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်၍ EIF အကူအညီ မရရှိသည့် နောက်ပိုင်းတွင် မိမိတို့ အစီအစဉ်ဖြင့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်သွားရမည် ဖြစ်သည့် အတွက် National Project Manager ဖြစ်သူ ဒေါ်ခိုင်စံပယ်စောက Sustainability Plan and Exit Strategy (မူကြမ်း)ကို ရေးဆွဲလျက်ရှိရာ အဆိုပါ မူကြမ်းကို ပိုမို တိုးတက် ကောင်းမွန်လာစေရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ အကြံပြုချက်များကို မူကြမ်း အချောသတ် ရေးဆွဲရာတွင် ထည့်သွင်းနိုင်ရန် ရည်ရွယ်ကာ အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် EIF Project မှ Expertများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။