M-STEP စီမံကိန်း၏ Sub –Component နှစ်ခုဖြစ်သည့် STIPနှင့် DEIA အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်တင်ဒါကော်မတီအစည်းအဝေးကျင်းပပြုလုပ်

Myanmar Services Trade Enhancement Project (M-STEP) စီမံကိန်း၏ Sub – Component ဖြစ်သည့် Services Trade and Investment Portal (STIP) နှင့် Digital Economy and Innovation Advocacy(DEIA) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝန်ဆောင်မှုဆောင်ရွက်မည့် အဖွဲ့အစည်းတို့ကိုရွေးချယ်နိုင်ရန် တင်ဒါကော်မတီ အစည်းအဝေးတစ်ရပ်ကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၃ရက် နေလည်၁၂နာရီ အချိန် က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် ၃ နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တင်ဒါကော်မတီဥက္ကဋ္ဌ နှင့် တင်ဒါကော်မတီအဖွဲ့ဝင်များ၊အဆိုပြုလွှာတင်သွင်းထားသည့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။