Training Programme on Intellectual Property Rights & WTO Trade Remedies သင်တန်းဖွင့်လှစ်မည်

Fri, 11/20/2015 - 10:27 -- admin_ygn

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ Centre for WTO Studies & India   နဲ့ EU Trade Development Programme for Myanmar တို့ ပူးေ ပါင်း ၍ Training Programme on Intellectual Property Rights & WTO Trade Remedies    သင်တန်းကို နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ နေ့ထိ ဖွင့်လှစ်သွားမယ်လို့ သတင်း ရရှိ ပါတယ်။ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးရုံးခွဲမှာသင်တန်းဖွင့်လှစ်ပို့ချမှာဖြစ်ပြီး ဝန်ကြီးဌာနများမှသင်တန်းသား (၄၀) ဦးတက်ရောက်ကြမ ယ်လို့ သိရပါ တယ်။ တက်ရောက်ကြမဲ့ သင်တန်းသားများဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းoန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမားအလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုဝန်ထမ်းများ တက်ရောက်ကြမှာဖြစ်ပါတယ်။သင်တန်းကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့WTO  သဘောတူညီချက်များအရ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာများနဲ့ ကုန်သွယ်မှု အကာအကွယ်ပေးခြင်းဆိုင်ရာ ဆောင်ရွက်မှုများ၊ အခွင့်အရေးများကို အစိုးရ ဝန်ထမ်းများ သိရှိနားလည်ပြီး နိုင်ငံရဲ့IPRs Law Safeguards Law   နဲ့ Anti Dumping Law များရေးဆွဲ ရာမှာ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။Centre for WTO Studies India   မှ Professor Mr. Mukesh Bhatnagar  နဲ့ Mr. Chandi Raina    တို့ကIntroduction to WTO, Key Principles of GATT/WTO Introduction toTRIPs Agreement, Protection of IP under TRIPs Agreement, Access to Affordable Medicine & TRIPS Grographical Indication , Linkages between IP Protection and Development, Overview of Trade Remedies, Introduction to Antidumping Agreement, Introduction to Agreement on Safeguards, Institutional Mechanisms for Implementing Trade Remedies ဘာသာရပ်များကို ပို့ချပေးသွားမယ် လို့ သတင်းရရှိပါတယ်။
                                        
MIRT

Local Trade News

Pages