Imperial အမှတ်တံဆိပ် ဝီစကီ၊ ရမ်၊ ဗော့ဒကာနဲ့ ဂျင်တို့ကို နိုင်ဂျီရီးယားနဲ့ စင်ကာပူနိုင်ငံသို့ တင်ပို့ပြီ

Wed, 06/01/2016 - 06:41 -- admin_ygn

Imperial  အမှတ်တံဆိပ် ဝီစကီ၊ ရမ်၊ ဗော့ဒကာနဲ့   ဂျင်တို့ဟာ အပြည်ပြည်ဆိုင်ရာ ဝီစကီပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် နိုင်ငံ တကာဈေးကွက်သို့ ခြေလှမ်းစတင်လှမ်းနေပြီဖြစ်ပါတယ်။ပြည်တွင်းထုတ် မြန်မာဝီစကီ များ ပြည်ပနိုင်ငံများသို့ ဈေးကွက် ဝင်ခဲ့တာ ၂၀၀၅ ခုနှစ်  အစောပိုင်းကာလများကတည်းကဖြစ်ပြီး ွGrand Royal, Myanmar, Nandaw, Royal စသည့်အမှတ်တံဆိပ်များဖြင့် တင်ပို့ ခဲ့ပြီးဖြစ်ပါတယ်။မြန်မာ့ထွက်ကုန်ပစ္စည်း များမှာ မိမိနိုင်ငံမှထွက်ရှိတဲ့ သဘာ၀ ပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး အစားအသောက်နဲ့   ကျန်းမာရေး စစ်ဆေးချက်(FDA) ထောက်ခံချက်ရယူ၍ အရည်အသွေး မြင့်မားစွာ ထုတ်လုပ်ထားသော်လည်း  ထုပ်ပိုးမှုပုံစံလိုအပ် ချက်များကြောင့် အရည် အသွေးကျဆင်းပြီး   ပြည်ပဈေးကွက်ကို    ရေရှည်မထိန်းသိမ်းနိုင်ဘဲ ဈေးကွက်ပျက်ခဲ့ရတဲ့အတွက် မြန်မာလုပ်ငန်းရှင်များအနေနဲ့ ပြည့်စုံတဲ့ထုပ်ပိုးမှုပုံစံများကိုပြုပြင် ပြီး မိမိတို့ပြည်တွင်းထုတ်စားသောက် ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ပြုလုပ်ပြီး ဈေးကွက်တိုးချဲ့ရှာဖွေ တင်ပို့ရမှာ ဖြစ်ပါတယ်။ယခုလည်း ၂၀၁၄ အပြည်ပြည်ဆိုင်ရာ ဝီစကီပြိုင်ပွဲရဲ့ အရသာ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ ွGolden Spirit Co.,Ltd  မှထုတ်လုပ်တImperial  အမှတ်တံဆိပWhisky, Sailor Mature Rum , Magic Vodka eJY Magic Gin  တွေ ကိုနိုင်ဂျီးရီးယားနဲ့စင်ကာပူနိုင်ငံတို့ကို စတင်တင်ပို့နေ ပြီဖြစ်ပါတယ်။

ပို့ကုန်ဌာနစု

Local Trade News

Pages