ICT နှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာများ အားလုံးကို တစ်နေရာတည်းတွင် တွေ့ မြင်နိုင်သည့် CommuniCast Myanmar 2015 ပြပွဲ ပြသ

Wed, 11/25/2015 - 11:14 -- admin_ygn

အိုင်စီတီနှင့် ပတ်သက်သည့်စီးပွားရေးဆိုင်ရာများ အားလုံးကိုတစ်နေရာတည်းတွင် တွေ့မြင်နိုင်သည့် CommuniCast Myanmar 2015  ပြပွဲကို ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Even Parkတွင် နိုဝင်ဘာလ ၁၇ရက်နေ့မှ၁၉ ရက်နေ့အထိကျင်းပခဲ့ရာ ကွန်ပျူတာပညာရှင်များ၊  ကျောင်းသားကျောင်းသူများ၊ စိတ်ပါဝင်စား သူပြည်သူများ  လာရောက်  လေ့လာခဲ့ ကြေ ကြာင်း သိရသည်။အဆိုပါပြပွဲ၏ဖွင့်ပွဲအခမ်းအနား  ကို နိုဝင်ဘာလ ၁၇ ရက် နေ့နံနက်ပိုင်း က ပြပွဲကျင်းပရာနေရာတွင်  ကျင်းပခဲ့ သည်။ ယင်းပြပွဲကို မြန်မာနိုင်ငံကွန်ပျူ တာလုပ်ငန်း ရှင် များ အသင်းချုပ်နှင့်Myanmar Even Park  မှ ကြီး မှူး၍  ကျင်းပခြင်းဖြစ်ပြီး    ဆက်သွယ်မှုမှ သယ်ဆောင်လာသည့် အခွင့်အလမ်းများ   ခေါင်းစဉ်အောက်တွင် ကျင်း ပခဲ့ခြင်းြ ဖစ်ကြောင်း သိရသည်။ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ နိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းချုပ်မှ ကျင်းပခဲ့သည် IT Business Plan Contest 2015  ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊  တတိယ ဆုရ ရှိ သူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ယခုပြပွဲတွင် CommuniCast 2015 ပြပွဲနှင့် International Myanmar ICT ပြပွဲတို့ကို ပူးပေါင်း၍  ကျင်းပခြင်း ဖြစ်ပြီး  ကမ္ဘာအနှံ့မှ ကုမ္ပဏီပေါင်း ၁၂၀ကျော်တို့လာရောက်ပြသခဲ့ကြောင်း သိရသည်။ယခုပြပွဲသည် ယခင်နှစ်များက ကျင်းပခဲ့သည့်ပြပွဲများကဲ့သို့  အိုင်စီတီ နှင့်ပတ်သက်သည့် ထုတ်ကုန် ပစ္စည်း များ ကို  ပြသသည့်ပြပွဲမျိုး မဟုတ်ဘဲ အိုင်စီတီနှင့်ပတ်သက်သည့်ဝန်ဆောင် မှုဆိုင်ရာများနှင့်နည်းပညာတိုးတက်မှုများကိုပါ  ပြသသည့်   ပြပွဲလည်းဖြစ် ကြောင်း၊ ယခုပြပွဲတွင်    ဂြိုဟ်တုဆက် သွယ်ရေး   နည်းပညာ၊ Broadband    နည်းပညာနှင့်   ပတ်သက်သည့်ဖွံ့ဖြိုးတိုး တက်မှုများ စသည့် နည်းပညာရပ်ဆိုင် ရာ ဆွေးနွေးဟောပြောပွဲများကို လည်း ထည့်သွင်း  ကျင်းပ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လာရောက်လေ့လာသူများ အနေဖြင့်  တစ်နှစ်ထက်တစ်နှစ်  ပိုမို အကျိုးရှိလာမည်  ဖြစ်ပါကြောင်းဖြင့် မြန်မာနိုင်ငံ  ကွန်ပျူတာပညာရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။International  Myanmar ICT  ပြပွဲနဲ့ပူးပေါင်းပြသမယ်လို့ ကြေညာ လိုက်ကတည်းက  ဒီလုပ်ငန်းနယ်ပယ်ရဲ့ များပြား တဲ့ ထောက်ပံ့မှုေ တွရခဲ့ပါတယ်။  ဒီလိုပြပွဲနှစ်ခု ပူးပေါင်းပြသခြင်းဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့   အိုင်စီတီနယ်ပယ် အတွက်   လိုအပ်နေတဲ့  အဆင့်မြင့် ပလက်ဖောင်းတစ်ခု ကို  ဖော်ဆောင်ဖို့ အတွက် အလွန်အရေးပါတဲ့အပြင် နိုင်ငံတကာမှာရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ လည်း ပြည်တွင်းကလုပ်ဖော်ကိုင်ဖက်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကို  ပိုမိုမြန် ဆန်လာေ အာင်   ကူညီပံ့ပိုးပေးနိုင် မှာပါ''  ဟုOverseas Exhibition Ser- vices မှ   မစ္စတာရူပက်အိုဝင်က  ပြော ကြားခဲ့သည်။                        

မယ်သီတာ

 

Local Trade News

Pages