ICT နှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာများ အားလုံးကို တစ်နေရာတည်းတွင် တွေ့ မြင်နိုင်သည့် CommuniCast Myanmar 2015 ပြပွဲ ပြသ

Wed, 11/25/2015 - 10:41 -- admin_ygn

အိုင်စီတီနှင့်  ပတ်သက်သည့် စီးပွားရေးဆိုင်ရာများ အားလုံးကို တစ်  နေရာတည်းတွင် တွေ့မြင်နိုင် သည့် CommuniCast Myanmar 2015  ပြပွဲကို  ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Even Park တွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ၁၉ ရက်နေ့အထိ ကျင်းပခဲ့ရာကွန်ပျူတာပညာရှင်များ၊  ကျောင်းသားကျောင်းသူများ၊ စိတ်ပါဝင်စားသူပြည်သူများ လာေ ရာက်  လေ့ လာခဲ့ ကြကြောင်းသိရသည်။အဆိုပါပြပွဲ၏ဖွင့်ပွဲအခမ်းအနား  ကို နိုဝင်ဘာလ ၁၇ ရက် နေ့နံနက်ပိုင်းက ပြပွဲကျင်းပရာနေရာတွင်ကျင်းပခဲ့သည်။ ယင်းပြပွဲကို မြန်မာနိုင်ငံ ကွန်ပျူ တာ လုပ်ငန်း ရှင်များ အသင်းချုပ်နှင့်Myanmar Even Park  မှ ကြီး မှူး၍ ကျင်းပခြင်းဖြစ်ပြီး ဆက်သွယ်မှုမှသယ်ဆောင်လာသည့်အခွင့် အလမ်းများ ခေါင်းစဉ်အောက်တွင် ကျင်းပခဲ့ခြင်းြ ဖစ်ကြောင်း သိရသည်။ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ နိုင်ငံ  ကွန်ပျူတာလုပ်ငန်းရှင်များအသင်း ချုပ်မှ ကျင်းပခဲ့သည  IT Business Plan Contest 2015   ပြိုင်ပွဲတွင်    ပထမ၊ ဒုတိယ၊  တတိယဆုရရှိသူများအားဆုများ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။ယခုပြပွဲတွင် CommuniCast 2015 ပြပွဲနှင့် International Myanmar ICT ပြပွဲတို့ကို ပူးပေါင်း၍  ကျင်းပခြင်း ဖြစ် ပြီး  ကမ္ဘာအနှံ့မှ ကုမ္ပဏီပေါင်း ၁၂၀ကျော်တို့လာရောက်ပြသခဲ့ကြောင်း သိရသည်။ယခုပြပွဲသည် ယခင်နှစ်များက ကျင်းပခဲ့သည့်ပြပွဲများကဲ့သို့  အိုင်စီတီ နှင့်ပတ်သက်သည့် ထုတ်ကုန် ပစ္စည်း များကို   ပြသသည့်ပြပွဲမျိုး မဟုတ်ဘဲ အိုင်စီတီနှင့်ပတ်သက်သည့်  ဝန်ဆောင် မှုဆိုင်ရာများနှင့်နည်းပညာတိုးတက်မှုများကိုပါ    ပြသသည့်   ပြပွဲလည်းဖြစ် ကြောင်း၊ ယခုပြပွဲတွင်   ဂြိုဟ်တုဆက် သွယ်ရေး နည်းပညာ၊ Broadband နည်းပညာနှင့်  ပတ်သက်သည့်ဖွံ့ဖြိုးတိုး တက်မှုများ စသည့် နည်းပညာရပ်ဆိုင် ရာ ဆွေးနွေးဟောပြောပွဲများကို လည်း ထည့်သွင်း  ကျင်းပမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လာရောက်လေ့လာသူများ အနေဖြင့်  တစ်နှစ်ထက်တစ်နှစ်  ပိုမိုအကျိုးရှိလာမည်  ဖြစ်ပါကြောင်းဖြင့် မြန်မာနိုင်ငံ  ကွန်ပျူတာပညာရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦးက  ပြော ကြားခဲ့သည်။International  Myanmar ICT  ပြပွဲနဲ့ပူးပေါင်းပြသမယ်လို့ ကြေညာ လိုက်ကတည်းက  ဒီလုပ်ငန်းနယ်ပယ်ရဲ့ များပြားတဲ့ ထောက်ပံ့မှုတွေ ရခဲ့ပါတယ်။ ဒီလိုပြပွဲနှစ်ခု ပူးပေါင်းပြသခြင်းဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့အိုင်စီတီနယ်ပယ် အတွက် လိုအပ်နေတဲ့ အဆင့်မြင့် ပလက်ဖောင်း တစ်ခု ကို ဖော်ဆောင် ဖို့ အတွက် အလွန်အရေးပါတဲ့အပြင် နိုင်ငံတကာမှာရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ လည်း ပြည်တွင်းက လုပ်ဖော်ကိုင်ဖက်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကို  ပိုမိုမြန် ဆန်လာအောင် ကူညီပံ့ပိုးပေးနိုင် မှာပါ''  ဟုOverseas Exhibition Ser- vices မှ   မစ္စတာရူပက်အိုဝင်က  ပြော ကြားခဲ့သည်။                        

မယ်သီတာ

 

Local Trade News

Pages