HR ဝန်ထမ်းများအတွက်International Human Resource Summit 2016 ကို ဇန်နဝါရီလ ၂၂ ရက်တွင် ကျင်းပမည်

Wed, 01/13/2016 - 07:52 -- admin_ygn

HR ဝန်ထမ်းများအတွက်HR Summit 2016 ကို ဇန်နဝါရီ ၂၂ ရက်၌ ရန်ကုန်မြို့ရှိ Novotel Max Yangon တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါHR Summit 2016 ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာမှHRပညာရှင်များက လာရောက်ဟောပြောဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။အဆိုပါHRဆွေးနွေးပွဲ သို့ တက်ရောက်လိုသူ များသည် www.mihrs. com, register@ mihrs.com, information@ mihrs.com,[email protected] သို့ဝင်ရောက်၍ ဝင်ကြေးအမေရိကန်ဒေါ်လာ  ၅၀ ပေးသွင်းကာ တက်ရောက်နိုင်ကြောင်း သိရ သည်။ ယင်းSummit ကိုThird Eye Management မှဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။''မြန်မာနိုင်ငံမှာ Human Resource နဲ့ပတ်သက်တာတွေကိုနိုင်ငံတကာကပညာရှင်တွေက လာရောက် ဆွေးနွေးပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာအချိန်အနည်းငယ်အတွင်းမှာပဲ  ပြောင်းလဲတိုးတက်နေ တာကို မြင်တွေ့ခဲ့ ရပါတယ်။ အဲဒီလိုပြောင်းလဲတိုးတက် လာတဲ့အတွကHRကဏ္ဍဟာလည်းအရေးပါတဲ့ နေရာကိုရောက်နေပါပြီ။ ဒါကြောင့်ဒီဆွေးနွေးပွဲက နေ မြန်မာနိုင်ငံကတိုးတက်ချင်တဲ့၊ HRကိုလေ့ လာ နေတဲ့လူငယ်တွေ အတွက် အများကြီးအထောက်အကူပြုမယ်လို့ထင်ပါတယ်''ဟုThird Eye Management Solutions မှ မန်နေးဂျင်းဒါရိုက်တာ Ms GenLehnက ပြောကြားခဲ့သည်။
အဆိုပါSummitတွင် အဓိက ဟောပြောမည့် သူများမှာ Ms Gen Lehn(MD, Third Eye Management Solutions), Mr Warren Eng(General Director, ERC), Ms.Judy A. Benn (Executive Director, American Chamber of Commerce in Thailand), Ms. Owararinth Bubphawadee (Head of Human Resources Thailand,Standard Charterded Bank),ဒေါ်ရွှေရည်ဝင်းလဲ့ (Sr. Vice President, Head of People Partners & Development People Group, Telenor MyanmarLimited),ဒေါ်ရွှေဇင်သက် (Head of Human Resources, Roche Myanmar Co., Ltd.),တို့နှင့် HRပညာရှင်များက ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။
မယ်သီတာ

Local Trade News

Pages