Ex Works ( EXW) စနစ်ဖြင့် သင်္ဘောတင်ဆောင်ရွက်ခြင်း

Mon, 01/11/2016 - 08:42 -- admin_ygn

 ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်မှ ၂၁ ရက်အထိInternational Trade Supply Chain Workshop  အလုပ်ရုံဆွေးနွေး ပွဲ ကို အောက် ကြည့်မြင် တိုင် လမ်း၊မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အဆောက်အအုံတွင် ဖွင့်လှစ်ထားသောMIFFAအသင်းရုံးခန်းရှိ သင်တန်းခန်းမတွင် နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီ အထိနှစ်ရက်တိတိ ကျင်းပခဲ့သည်။ သင်တန်း မှာ နှစ်ရက်ဟုဆိုသဖြင့် တက်ရောက်ရန် တာစူနေကြသော အေးဂျင့်များ၊ ဖော်ဝပ်ဒါများ၊ ကုမ္ပဏီဝန်ထမ်းများမှာ နောက်ဆုတ် သွားကြ သည်။ အလုပ်ကလည်း တစ်ဖက်မို့ အချိန်မရကြ ရှာပေ ။ပြည်ပနိုင်ငံများတွင် ဤကဲ့သို့သော သင်တန်းမျိုးမှာ သင်တန်း ကြေးကြီးမားစွာ ပေး၍တက်ကြရလေ သည်။ ထို့ပြင် သင်တန်းကာလ စားစရိတ်ကလည်း မသေးလှ။သင်တန်းက ရရှိလာတဲ့ ရလဒ်(Solu-tion) မှာ မည်မျှပင် ကောင်းမွန် သည်ဟုဆိုသော်လည်း မိမိနိုင်ငံနှင့် မကိုက်ညီသေးသော မိမိနိုင်ငံတွင် မကျင့်သုံးနိုင်သောအဖြေများကို ရရှိလာကြ သဖြင့် လောေ လာ ဆယ် အသုံးမတည့်သေးဟုဆိုရမည် ဖြစ်သော သင်တန်းများပါပေ။မိမိနိုင်ငံတွင် ဖွင့်လှစ်သော သင်တန်းမှာ မိမိနိုင်ငံမှာ လက်ရှိ တွေ့ကြုံနေကြရသော ဖြစ်ရပ်မှန်များအပေါ် ရလဒ် (Solution) ကောင်းများ ဆွဲကြသဖြင့် မိမိတို့အတွက်အလွန်အသုံးတည့်ပြီး သင်တန်းသားအားလုံး၏ အတွေ့အကြုံများကိုပေါင်းစပ်၍ ဖော်ထုတ် ထားသောကြောင့်  နောက်ဆုံးပေါ် သတင်း အချက်အလက် (Update Information) ရရှိကြ၏။ သင်တန်းကြေးမပေးရသဖြင့်  မိမိတို့ စိုက်ထုတ်ရသည်မှာ အချိန်ဟူသော အရင်းအနှီးမျှသာ ဖြစ် ချေသည်။ သို့အတွက် အကောက် ခွန်ရှင်းလင်းရေးကိုယ်စားလှယ် များအဖို့ မိမိတွင်ရှိသော ဝန်ထမ်းများအား အချိန်ကို စနစ်တကျ စီမံခန့်ခွဲ အသုံးပြုတတ်လျှင် သင်တန်းတက်ရောက်ရန်အချိန်ရရှိ လာမည်ဖြစ် ပြီး သင်တန်းကို အချိန်ပြည့်တက်ရောက်နိုင်ပါမှလည်း သင်တန်း၏ အနှစ်သာရကို ပိုမိုနားလည်လာမည်ဖြစ်သည်။အဆိုပါသင်တန်းသို့ မိမိသည် လည်း သင်တန်းသား တစ်ဦး အဖြစ် တက်ရောက်ဖြစ်ခဲ့သည်။ သို့သော် သင်တန်းပြဆရာမမှာ အင်္ဂလန်နိုင်ငံ အကောက်ခွန်ဦးစီးဌာနတွင်နှစ်ပေါင်း ၃၇ နှစ် ကျော် ကျော် လုပ်ကိုင်ခဲ့သူ Mrs Jacqueline Ann Penfold (Consultant, ADB) ဆိုသူဖြစ်သည်။ သင်တန်းမစမီJacqueline က မိမိတို့မှာ ဤကဲ့သို့သော  International Trade Supply Chain Workshop  သင်တန်းမျိုးကို မြန်မာနိုင်ငံတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး (Trade Facilitation) အတွက် ရည်ရွယ်၍ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း၊ သို့သော် အချိန်ပြည့်ပို့ချရန်မဖြစ်နိုင်ကြောင်း၊Teaching Method and Power Point Model  များအား ရေးဆွဲပေး သွားမည်ဖြစ် ပြီးရရှိလာသော ရလဒ် (Solution)  များအား နောက်သင်တန်းအတွက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ နောက်ပိုင်း ဖွင့်လှစ်မည့်သင်တန်းများတွင်လည်း မိမိတို့ကပြန်လည်၍ ပို့ချပေး ရန် ရည်ရွယ် ထားကြောင်း၊ သို့ဖြစ်၍ ယခုသင်တန်းသည် ဆရာဖြစ်(Training on Trainer) သင်တန်းပင်ဖြစ်ကြောင်း ရှင်းပြသည်။  မိမိတို့မှာနည်းပညာဆိုင်ရာ သင်တန်းပြဆရာများ (Technician)) မဟုတ် ကြသဖြင့် စိုးရိမ်မိကြောင်း၊ သို့သော် ဤသင်တန်း၏ သဘာဝမှာ သင်တန်းသားများသည်လည်း ဆရာများဖြစ် သကဲ့သို့ ဆရာများ သည်လည်း သင်တန်းသားများဖြစ်ကြပေသည်။ အဘယ်ကြောင့် ဆိုသော် ဤသင်တန်းသည် ကုန်သွယ်မှုလျှင်မြန် ချောမွေ့စေရေးအတွက် နည်းပြ ဆရာရော သင်တန်းသားများပါ စုပေါင်း၍ နည်းလမ်း ရလဒ်ကောင်း (Solution) များ ရှာဖွေကြခြင်း ဖြစ်သည်။ မိမိတို့ နိစ္စဓူဝလုပ်ကိုင်နေကြရသောအကောက်ခွန် ဆိုင်ရာ လုပ်ထုံး လုပ်နည်းများသည်လည်း  မိမိအပါအဝင် မိမိတို့ အကောက်ခွန် ဝန်ဆောင်မှုအသိုင်းအဝိုင်း (Industry) မှာ လုပ်ဖော် ကိုင်ဖက်များ၏ပြောင်းလဲမှုများကိုပါ သိလာကြသည့်အပြင် စုပေါင်း ဆွေးနွေးခြင်း အားဖြင့် မိမိတို့နားလည်  တတ်မြောက်ထားသော အကောက်ခွန် ဝန်ဆောင်မှု အတတ်ပညာသည်လည်းဆန်းသစ်ပြီးသား ဖြစ်သွား သည်။
ယနေ့ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာလို တစ်စုတစ်ဝေးတည်း ဖြစ်လာပြီဖြစ်သဖြင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုတည်း ဖြင့် ရပ်တည်ရန်ခက်ခဲလာမည်ဖြစ်သည်။ အကောက်ခွန်ဝန်ဆောင် မှုလုပ်ကိုင်သည့် အေးဂျင့်များသည်လည်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း (Sea & Air Freight Forwarder) များကိုနားလည် လုပ်ကိုင် တတ်ရန် လိုအပ်သလိုFreight Forwarder များသည်လည်း  အကောက် ခွန်ဝန်ဆောင်မှုလုပ်ငန်းနှင့် ကင်း၍မရသဖြင့် အကောက်ခွန်ဝန်ဆောင်မှုအတတ်ပညာကို တတ်မြောက်ထားရန်လိုသည်။ ထို့အပြင် အကောက်ခွန်ဝန်ဆောင်မှု အေးဂျင့်များသည် သယ်ယူပို့ ဆောင်ရေး လုပ်ငန်း(Transporter)  ၊သိုလှောင်ရုံ ငှားရမ်းခြင်းလုပ်ငန်း(Ware-housing) နှင့် ကုန်ပစ္စည်း များ ရွှေ့ပြောင်းေ ပးခြင်း၊ ထုပ်ပိုးခြင်း လုပ်ငန်း (Moving and Packaging Service) လုပ်ငန်းများကိုပါတတ်မြောက်ထားရန် လိုအပ်လာပေပြီ။ဆရာမဂျက်ကလင်း ၏ အကြံပြုမှုအရ မိမိမှာ သင်တန်းသား များနှင့်အတူ မိမိရရှိထားသော အတွေ့အကြုံများကို ပေါင်းစပ်ကာ စဉ်ဆက်မပြတ် ကုန်သွယ်မှုစီးဆင်းမြန်ဆန်ရေးလုပ်ငန်းစဉ် (Trade Supply Chain)တွင် လက်တွဲ ပါဝင်ဖြစ်တော့သည်။ မိမိအား နိုင်ငံတကာက လက်ခံအသုံးပြုလျက်ရှိသော ရောင်းကုန်ကုန်ပစ္စည်း များအားငွေပေးချေမှုနည်းစနစ်များ (Incoterms) နှင့် ပတ်သက်၍ ရှင်းပြပေးရန် တာဝန်ပေးလာသည်။ ငွေပေးချေမှုနည်း စနစ်များမှာလည်း ထုတ်ကုန်သွင်းကုန်များ တင်ပို့ရာတွင်အသုံးပြု ရသော သယ်ယူပို့ဆောင်မှုပုံစံ၊ ကုန်ဝယ်ယူသည့်စနစ် စသည့် အခြေအနေ များအပေါ်မူတည်၍ ပေးချေရသည်ဖြစ်ရာ ငွေပေးချေ မှုနည်းစနစ်များ (Rules)များလာသည်ကို သတိထားမိသည်။ ပြည်တွင်းကုန်သွယ်မှုတွင် ပြည်တွင်း၌သာ ကုန်ဖိုးငွေပေးချေေ လ့ရှိ ကြသည်။ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး (Inter- national Trade) တွင်မူ ငွေကြေးအမြောက်အများ ဆုံးရှုံးမှု မဖြစ် စေရန်အတွက် ၁၉၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သော အပြည ပြည် ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနှင့်ကုန်သည်ကြီးများ အသင်း ချုပ် (International Chamber of Commerce-ICC) အဖွဲ့ကြီးသည် ၁၉၃၆ ခုနှစ်မှစတင်၍ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် များသတ်မှတ်ပေးခဲ့သည်။ အဆိုပါသတ်မှတ်ပြဋ္ဌာန်းချက်များကို International Commercial Terms ဟုခေါ်ဆိုကြသည်။ ယခု သင်တန်းတွင် ပို့ချသည့် ငွေပေးချေမှု(Payment) များမှာ ICC က ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် အဋ္ဌမအကြိမ်မြောက် ပြင်ဆင်ရေး ဆွဲခဲ့ သောIncoterM 2010 Version  မှ ပြဋ္ဌာန်းချက်များဖြစ်သည်။ ကုန်ပစ္စည်းသယ်ယူပို့ ဆောင်မှုပုံစံအပေါ် သတ်မှတ်ထားသော ပေးချေမှု ပြဋ္ဌာန်းချက်များမှာ စုစုပေါင်း ၁၁ မျိုးသတ်မှတ်ထားသည်။''Incoterm ၏ အနက် အဓိပ္ပာယ်မှာ ကုန်ပစ္စည်းများ တင်ပို့ ရောင်းချရာတွင်လည်းကောင်း၊ သွင်းကုန်ကုန်သေတ္တာများ ဆိပ်ကမ်း မှ ထုတ်ယူရာတွင်လည်းကောင်းပါဝင်ပတ်သက်သူများ၏ တာဝန် ယူမှု၊ ကုန်ကျစရိတ်နှင့် ဆုံးရှုံးနိုင်ဖွယ် ရှိမှုတို့ကို ဖော်ပြထားသော ကုန်အရောင်းအဝယ်စာချုပ်ပါ စီးပွားရေးဆိုင်ရာ ပြဋ္ဌာန်းချက်စကား ရပ်ကိုဆိုလိုသည်"'
    Any Modes of    Sea & Inland Waterway
    Transoprt    Transport
    EXW    Ex Work    FAS    Free Alongside
                Ship
    FCA    Free Carrier    FOB    Free On Board
    CPT    Carriage Paid To    CFR    Cost and Freight
    CIP    Carriage and Insurance    CIF    Cost Insurance             Paid To        and Freight
    DAT    Delivered  At Terminal
    DAP    Delivered  At Place

EXW-Ex-worksျ ၏ လုပ်ငန်းသဘောဝမှာ ကုန်ပစ္စည်းရောင်း ချသူမှ မိမိရောင်းချသော ကုန်ပစ္စည်းကို မိမိ၏ သိုလှောင်ရုံအ၀ ကုန်သေတ္တာကားပေါ်ရောက်သည်အထိသာ တာဝန်ယူ သည်ဟု အဓိပ္ပါယ်ရသည်။ကုန်သေတ္တာကားပေါ်မတင်မီ သင်္ဘောတင်ပဲအိတ်များပေါ် တွင် Marking ရိုက်ပေးခြင်း၊ ကတ္တား (Weight) ချိန်ပေးခြင်းစသည် တို့ အကုန်အကျခံလုပ်ပေးရ၏။ သို့သော်ကုန်သေတ္တာကားခ၊ သိုလှောင်ရုံအလုပ်သမားခ၊ သိုလှောင်ရုံမှ ဆိပ်ကမ်းတစ်လျှောက် မိုးမိ၍ ဆုံးရှုံးနစ်နာစရိတ်၊ သင်္ဘောခစသည်တို့ကို ကုန်ဝယ်သူက ကျခံရသည်။သို့အတွက် Ex-works ဖြင့် သင်္ဘောတင်ရောင်းချခြင်း သည် ကုန်ဝယ်သူက ကုန်ပစ္စည်းကို ခရီးဆုံးနိုင်ငံရောက်သည်အထိ အစအဆုံး တာဝန်ယူရသောစနစ်တစ်ခုဖြစ်သည်။ သင်္ဘောတင် ချိန်တွင်တန်ဖွဲ့၍ ကုန်ဝယ်သူက ကုန်တန်ဖိုးငွေ ပေးချေရသည်။ ထို့ကြောင့်Sale Contract ချုပ်လျှင် သိုလှောင်ရုံအမည်ပါ ထည့်၍ချုပ်ရ၏။ ဥပမာ-Payment FOB Yangon (Ex-Work Awba Warehouse)Ex- Works   ဟူသည့်  ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ငွေပေး ချေမှု စကားရပ်မှာ နယ်စပ်ဒေသသင်္ဘောတင် ကုန်သွယ်မှု ပြုလုပ်သူများနှင့်မဆိုင် သလိုဖြစ်နေပြန် သည်။အဘယ်ကြောင့် ဆိုသော် နယ်စပ် ဒေသများတွင် သင်္ဘောခ၊ ကုန်သေတ္တာငှားရမ်း ခများမရှိချေ။ နယ်စပ်ဒေသများရှိ သင်္ဘောတင်ကုမ္ပဏီများမှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင် လျှင် ပိုကောင်းမည်။ အဘယ်ကြောင့်ဆိုသော် နယ်စပ် ဒေသများတွင်  Freight Charges များ၊ အာမခံ (Insurance) ကြေးများစသည်ဖြင့် စရိတ်စကများလုံး၀ မရှိသဖြင့် နယ်စပ်ကကျော် သွားလျှင် ခရီးဆုံးရောက်သကဲ့သို့ဖြစ် သွားလေသည်။မည်သို့ပင်ဖြစ်စေ Ex-Workု ခေါ် Ex-Warehouse ဟူသော စနစ်မှာ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး (International Trade Supply Chain) တွင်တွင်ကျယ်စွာ အသုံးပြုလာပြီဖြစ်သဖြင့် ကုန်စည်ပို့ဆောင်သူ လုပ်ငန်းရှင်များ (Freight Forwarder)၊           အကောက်ခွန်ဝန်ဆောင်မှုကိုယ်စားလှယ်များ (CustomsBrokers) ကုန်သေတ္တာသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များ (Container Transporters) ကောင်းစွာ လေ့လာထားသင့်သော စနစ်တစ်ခုဖြစ်ပါ သည်။

 

Local Trade News

Pages