၂၀၁၅ခုနှစ်တွင် အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်များအတွင်း ကြော်ငြာများ ၇၀ ရာခိုင်နှုန်းခန့် တိုးတက်လာ

Thu, 11/19/2015 - 13:32 -- admin_ygn

၂၀၁၅ခုနှစ်တွင် အခမဲ့ကြော်ငြာဝက်ဘ် ဆိုက်များအတွင်း ကြော်ငြာများ ၇၀ ရာခိုင် နှုန်းခန့် တိုးတက်လာကြောင်း Ads.com.mm  ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။မြန်မာပြည် အတွင်း  အခမဲ့ကြော်ငြာ ဝက်ဘ်ဆိုက်ကို ၂၀၁၂ နှစ်လည်ပိုင်းလောက် တွင် စတင်အသုံးပြုလာခြင်းဖြစ်သည်။ လက် ရှိမြန်မာနိုင်ငံတွင် အခမဲ့ကြော်ငြာ ဝက်ဘ်ဆိုက် ပေါင်း မြောက်များ စွာ ပေါ်ပေါက်လာပြီး ယင်း ဝက်ဘ်ဆိုက်ကိုအသုံးပြုမူနှုန်းမှာလည်းသိသိသာသာတိုးမြင့်လာကြောင်းကိုလည်း တွေ့ရှိ ရသည်။''လက်ရှိ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ နေ့စဉ်နဲ့ အမျှေ ရာင်းချမူဟာ ၂၀၁၅ နှစ်ကစပြီး ၇၀ ရာခိုင်နှုန်းလောက်အထိ  တိုးတက်လာ ပါတယ်။လက်ရှိကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာFacebook  ကနေတစ်ဆင့် login ပြုလုပ်ပြီး ရောင်းချလို့ရတဲ့ ဝန်ဆောင်မှုကို   ထပ်ဖြည့် လိုက်တဲ့အချိန်မှာ အသုံးပြုသူတွေလည်း ပိုမို အဆင်ပြေသလို အသုံးပြုမှုတွေလည်း အရမ်း မြင့်တက် လာတာကိုတွေ့ရှိရပါတယ်။ လွန်ခဲ့ တဲ့နှစ်တွေက တစ် ရက်ကို  ကြော်ငြာ ၁၀၀ လောက်တင်နေရာကနေ အခုဆိုရင် တစ်ရက် ကို ၂၄၀ ကျော်အထိ တင်လာတာကို တွေ့ရှိ ရပါတယ်။ ကြော်ငြာတင်တဲ့လူတိုင်းကလည်း သူတို့တင် တဲ့ ကြော်ြ ငာေ တွ ကို  ဓာတ်ပုံတွေ၊ အကြောင်းအရာ စုံစုံလင်လင် တင်ကြသလို ဈေးနှုန်းတွေကိုလည်း အသက်သာဆုံးနဲ့ အမှန် ကန်ဆုံး ရောင်းလာကြတဲ့အတွက် အလွယ် တကူအရောင်း အ ဝယ်ဖြစ်နေတာကို ပိုမို တွေ့ရှိရပါတယ်။ အသုံးပြုသူအများစုဟာ  အခု  နောက်ပိုင်းဆိုရင် ကျွန်တော်တို့ရဲ့ Customer service Feature တစ်ခုဖြစ်တဲ့ viber ကနေ လည်း သူတို့သိချင်တဲ့ အကြောင်းအရာလေး တွေကို မေးမြန်းလာကြတာကိုတွေ့ရှိရပါတယ်။ တစ်ပတ်ရစ်  ရောင်းဝယ်သူတွေအတွက်က တော့ အရမ်းကိုအဆင်ပြေပြီး လုပ်ငန်းဖြစ်တဲ့ ဈေးကွက်ဖြစ်တဲ့အတွက် လည်း အခမဲ့ကြော် ငြာမှာ ကြော်ငြာတင်မှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်''ဟုHead  Of  Content ဖြစ်သူ ကိုဟိန်းအောင်ကျော်က ပြောကြားခဲ့သည်။မြန်မာပြည်တွင်း ဆက် သွယ်ေ ရး လုပ်ငန်း များကို ကောင်းမွန်စွာအကောင်အထည်ဖော် လာသည်နှင့်အမျှ အင်တာနက်ကိုကောင်းမွန် စွာ အသုံးပြုလာသည့် အွန်လိုင်းဈေးကွက်သည် လူငယ်ထုတွင်သာမက လုပ်ငန်း ရှင် များ ၏ အားထားအားပြုရာနေရာ တစ်နေရာ ဖြစ်လာ ကြောင်း တွေ့ရှိရသည်။ စွန့်ဦးတီထွင်သူများ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးနှင့်  တစ်ပတ်ရစ် ဈေးကွက်ကို  လုပ်ကိုင်သူများအတွက် အခမဲ့ ကြော်ငြာဝက်ဘ်ဆိုက်များသည် အဓိကအား ထာရာနေရာဖြစ်သကဲ့သို့   လက်ရှိအချိန်တွင် လူကြိုက်များလာသည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ် လာကြောင်း သိရသည်။ လက်ရှိမြန် မာပြည် တွင် လူသိအများဆုံး အခမဲ့ကြော်ငြာ ဝက်ဘ်ဆိုက်များမှာ www.ads.com.mm, ezay.com.mm, နှင့့်Yaungwal. com.mm  တို့ဖြစ်ကြောင်း သိရသည်။

မယ်သီတာ

Local Trade News

Pages