အထက်မင်းလှမြို့နယ်၌ စပျစ်သီးများ စတင်ထွက်ပေါ်နေပြီး ဈေးကောင်းရ

Tue, 02/20/2024 - 05:04 -- mocadmin

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်ရှိ အမှတ် ၁၀ ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာတော်၊ ပန်းတော်ပြင်၊ မယ်ဇလီတောကျေးရွာတို့တွင် စပျစ် သီးကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊  မင်းလှမြို့နယ်အတွင်းစပျစ်ခြံ ၈ ခြံရှိပြီး မျိုးအနေဖြင့် အဝိုင်းမျိုးနှင့်အချွန်မျိုး ၂ မျိုးကိုသာစိုက်ပျိုးထားကြောင်း၊ ယခင်နှစ်က စပျစ်ပိဿာချိန် ၈၀၀ မှ ၁၀၀၀ အထိထွက်ရှိသော်လည်း ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်သည့်အပြင် မှိုဟုခေါ်သော ပိုးကျသည့်အတွက် အထွက်နှုန်း လျော့ကျနိုင်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း စပျစ်ပင် စတင် စိုက်ပျိုးချိန်မှစ၍ တစ်ပတ်တစ်ခါ ရေပုံမှန်သွင်းပေးရကြောင်း၊ ယခုနှစ်တွင် စပျစ်တစ်ဧက ကုန်ကျ စရိတ် အနေဖြင့် လုပ်အားခ၊ ဓာတ်မြေဩဇာခ၊ ရေသွင်းခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၂,၀၀၀,၀၀၀ ကျော်ကုန်ကျကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စပျစ်ပင်များကို ကိုင်းဖြတ်စနစ်ဖြင့် စင်တင်စိုက်ပျိုးထားပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပထမပတ်တွင် စတင် ထွက်ရှိကာ ၁ ပိဿာလျှင် လက်လီဈေးကျပ် ၁၅,၀၀၀၊ လက်ကားဈေး ၁ ပိဿာလျှင် ကျပ် ၁၂၀၀၀ ဖြင့်ရောင်းချကြောင်း၊ အထွက်နှုန်း အနေဖြင့် လျော့ကျနိုင်သော်လည်း အဖွင့်ဈေးအနေဖြင့် ဈေးကောင်းရရှိသည့်အတွက် ကုန်ကျစရိတ် ပြန်လည်ကာမိပြီး သင့်တင့်သော အကျိုးအမြတ် ရရှိနိုင်မည်ဟုမျှော်လင့်ထားပါကြောင်း၊ ဈေးကွက်အနေဖြင့် သစ်သီးဝလံ အရောင်း အဝယ်ဆိုင်များနှင့် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့တင်သွင်းရောင်းချကြောင်း စပျစ်စိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး )

Local Trade News

Pages