အထက်မင်းလှမြို့နယ်တွင် ဆောင်းသီးနှံပဲကြီးအောင်မြင်ဖြစ်ထွန်း

Thu, 02/01/2024 - 03:33 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ မင်းဂံ၊ ဇီးတောစသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ဇီးတောကျေးရွာ၌ ဆောင်းသီးနှံဖြစ်သည့် ပဲကြီးသီးနှံများ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

   ပဲကြီးကို ကျဲပက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် ပဲကြီးမျိုး ၃ ပြည်ခန့် ကုန်ကျကြောင်း၊ ပဲကြီးသီးနှံကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး တပို့တွဲလတွင်ခူးဆွတ်ရကြောင်း၊ ပဲကြီးသီးနှံမှာ ပိုးကြိုက်သောသီးနှံဖြစ်၍ စိုက်ပျိုးစဉ်တစ်လျှောက် ပိုးသတ်ဆေး၊ အားဆေးများ ပက်ဖျန်းပေးရပြီး ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၂၀၀,၀၀၀ ခန့်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပဲကြီးသီးနှံစိုက်ခင်းများမှာ အသီးအပွင့်များဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပိုးမွှားအန္တရာယ်ကျရောက်မှု၊ ရာသီဥတုဖောက်ပြန်မှုမရှိပါက အထွက် နှုန်းကောင်းမွန်နိုင်ကြောင်း၊ ပဲကြီးသီးနှံစိုက်ပျိုးတောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)

Local Trade News

Pages