သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဟု ထပ်မံအသိပေးကြေညာ

Mon, 11/16/2015 - 13:16 -- admin_ygn

ကျန်းမာရေးဝန်ကြီးဌာနက အရည် အသွေးစစ်မှန်ကောင်းမွန်ပြီး ထိရောက် သည့် အကျိုးအာနိသင်ရှိပြီး ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်း စေသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန်စနစ်တကျကွပ်ကဲလျက်ရှိပါတယ်။မြန်မာနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာနရဲ့အလှကုန်ပစ္စည်းဆိုင်ရာ အမိန့် အမှတ် (၁/၂၀၁၀)နဲ့အညီ အစားအသောက်နှ င့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိဘဲ ပြည်တွင်း၌ ဈေးကွက်တင် ရောင်းချနေ သော ဖော်ပြပါ အလှကုန်ပစ္စည်းများ ၁၃ မျိုးမှာ ကျန်းမာရေးအတွက် ဘေး အန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓါတု ပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် သုံးစွဲရန် မသင့်တော်ကြောင်း အများပြည်သူလူထုအား အသိပေးနှိုး ဆော်ကြေညာခဲ့ပြီးဖြစ်ပါ တယ်။သို့ဖြစ်ပါ၍ အဆိုပါအလှကုန် ပစ္စည်းများကို အများပြည်သူလူထုသုံးစွဲခြင်းမပြုကြရန်နဲ့ တင်သွင်း၊ဖြန့်ဖြူး ရောင်းချမှုများကို တွေ့ရှိပါက ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဥပဒေအရ အရေး ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာလ နောက်ဆုံးပတ်တွင် ထပ်မံအသိပေး ကြေညာထားတာဖြစ် ပါတယ်။မာကျူရီ၊ဟိုက်ဒြိုကွီနိုး၊ ဘီတာမီသာဇုံး ၁၇-ဗယ်လီရိတ်၊ ရက်တီနွိုက် အက်စစ်တို့ပါဝင်သဖြင့် သုံးစွဲရန် မသင့် ကြောင်း ကြေညာထားသည့် အလှကုန် ပစ္စည်းများမှာ ထိုင်းနိုင်ငံလုပ် မယ်လ် လာနို (ခရင်မ်နံပတ်-၁၊ ညလိမ်း ခရင်မ် နံပတ်-၂ ၊ မျက်နှာသစ်လိမ်း ခရင်မ် နံပတ်-၃၊ ပိုလာ(ပလက်တီနမ်၊ခရစ်တယ်လ်ဝှိုက်ခရင်မ်၊ စူပါဝှိုက် ၊ ညလိမ်း ခရင်မ်အသစ်)ဘာစ်ချီ (နေ့/ည၊ အသား ဖြူခရင်မ်) ၊သရီးေ ဒးစ်(အသား စိုေြ ပ တောက်ပြောင်ေ စတဲ့ ခရင်မ်)၊ ပီဒဗလျူ ဘင်န်စ်ရှင်းခရင်မ်၊ လေးနောင်း ညလိမ်း အသားဖြူ ခရင်မ်၊ ဒေါက်တာဂျပန်၊ အသားအရေ တောက်ပြောင်ဝင်းပစေ သော အရည်များ ဖြစ်ပါ တယ်။
မယ်စားသုံး

Local Trade News

Pages