လက်တွေ့အသုံးချနိုင်ငံတကာ ကုန်သွယ်မှု ရက်တိုသင်တန်းဖွင့်လှစ်မည်

Mon, 09/28/2015 - 13:27 -- admin_ygn

မကြာမီ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ဖော်ဆောင်တော့မည်ဖြစ်ပြီး ယနေ့ ပွင့်လင်းလာသော ကုန်သွယ် မှုအခွင့်အလမ်းများကို စီးပွားရေးလုပ်ငန်းရှင်တိုင်း သိရှိနားလည် ပြီး လက်တွေ့အသုံးချနိုင်သည့် ''နိုင်ငံတကာကုန်သွယ်မှု အထူး ရက်တိုသင်တန်း'' ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၊ကုန်သွယ်မှုသင်တန်းကျောင်း (Trade Training Institute) အစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ မန္တလေးမြို့ီDiamond Plaza  ရှိ ကုန်သည်/စက်မှု အသင်းချုပ်၌ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိဖွင့်လှစ် ပို့ချသွားမည် ဖြစ်ပါသည်။အထူးရက်တိုသင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိ ပြီးသူ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် လူငယ်များ လျှောက်ထားနိုင် ပါသည်။နိုင်ငံတကာကုန်သွယ်မှုနယ်ပယ်ဖြစ်သော လက်ရှိ ပို့ကုန် သွင်းကုန်လုပ်ထုံးလုပ်နည်းများ၊ သိရှိ လိုက်နာဆောင်ရွက်ရမည့် ကုန်သွယ်မှုဆိုင်ရာ ဝေါဟာရများ၊ ကုန်ရောင်းကုန်ဝယ် စာချုပ် ချုပ်ဆို ခြင်း၊ သင်္ဘောတင်ခြင်းနှင့် သင်္ဘောတင်အထောက် အထားများ၊ ငွေစာရင်းဖွင့်လှစ်ခြင်းနှင့် ငွေကြေးပေးချေခြင်း ကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း ၊ ဈေးကွက်ေ ဖာ် ဆောင် မှု၊ ဆိပ်ကမ်းရှင်းလင်းရေးနှင့် အကောက်ခွန်လုပ်ထုံး လုပ်နည်းစသည့် နယ်ပယ်များတွင် အတွေ့အကြုံများစွာရှိသည့် ပညာရှင်ကြီးများနှင့် ဌာနဆိုင်ရာအရာရှိများက သင်ကြား ပို့ချ မည် ဖြစ်ပါသည်။သင်တန်းသားဦးရေ ၄၀ လက်ခံမည် ဖြစ်ပါသည်။ တက် ရောက်လိုသူများသည် ချမ်းအေးသာစံ မြို့နယ်၊ ၃၅ လမ်းနှင့် ၆၅ လမ်းထောင့်ရှိ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူးရုံး (၀၂ ၃၆၃၃၈၊ ၃၆၃၃၉၊ ၃၆၃၄၀၊ ၀၉ ၅၀၉၆၁၃၁၊ ၀၉ ၅၀၁ ၆၈၉၁၊ ၀၉၂၀၁၈၄၄၃ ) သို့ ဆက်သွယ်စုံစမ်းစာရင်းပေး သွင်းနိုင်ပါ သည်။

Local Trade News

Pages