ရွှေတောင်မြို့နယ်တွင် ဟော်လန်ပန်း(ခေါ်) သစ္စာပန်း စိုက်ပျိုး၍ အကျိုးအမြတ်ရရှိ

Tue, 04/02/2024 - 03:24 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲအုပ်စု၊ တည်ကုန်းကျေးရွာတွင် ပန်းရောင်နှင့်အဖြူရောင် ဟော်လန်ပန်း(ခေါ်) သစ္စာပန်းများ စိုက်ပျိုးထားရှိကြောင်း၊ ဟော်လန်ပန်း (ခေါ်) သစ္စာပန်းများကို တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး ၃ လအကြာ တပို့တွဲလ တွင် စတင်ခူးဆွတ်ရကြောင်း၊ ဟော်လန်ပန်း (ခေါ်) သစ္စာပန်း စိုက်ပျိုးမှု အနေဖြင့် တစ်ဧကလျှင် မျိုးဥရေ ၂ တင်း/ အပင်ရေအားဖြင့် ၁၅၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ် အနေဖြင့် တစ်ဧက လျှင် စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် စတင်ခူးဆွတ်ချိန်တွင် အပင်ရေ ၂၀၀ မှ ၃၀၀ အထိ ခူးဆွတ်ရပြီး ပန်းများလှိုင်လှိုင်ပေါ် ချိန်တွင် အပင်ရေ ၂၀၀၀ ခန့် ခူးဆွတ်နိုင်ကြောင်း၊ ပန်းများ ခူးဆွတ်ရာတွင် တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး ခူးဆွတ်နိုင်သည့် အချိန်ကာလ အနေဖြင့် ၁၅ ရက်ကျော် တစ်လခန့် ကြာမြင့်ကြောင်း သိရသည်။

   ဈေးနှုန်း အနေဖြင့် ဟော်လန်ပန်း (ခေါ်) သစ္စာပန်း တစ်ပင်လျှင် ၁၀၀/၁၂၀ ကျပ်နှုန်းဖြင့် ရောင်းချပြီး ရွှေတောင်မြို့နယ်ရှိ ပန်းဒိုင်များမှ ပန်းခင်းအထိ လာရောက်ဝယ်ယူကြကာ ရန်ကုန်မြို့နှင့် ညောင်ခါးရှည်မြို့များသို့လည်း ပြန်လည်တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၆ သိန်းကျော်ခန့် ရရှိကြောင်း၊ ဟော်လန်ပန်း (ခေါ်) သစ္စာပန်းသည် ကုန်ကျ စရိတ်သက်သာပြီး ထိုက်သင့်သည့် အကျိုးအမြတ်များရရှိသည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

Local Trade News

Pages