ရေစကြိုမြို့နယ်တွင် သီးထပ်အဖြစ် ကုလားပဲသီးနှံများ ပိုမိုစိုက်ပျိုး

Tue, 01/30/2024 - 04:31 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ပခန်းကြီး၊ ပခန်းငယ်၊ နွားထိန်း၊ စဥ့်ကိုင်၊ ပေါက္ကူ၊ ပညှင်း စသည့်ကျေးရွာများတွင် မိုးစပါးသီးနှံများ ရိတ်သိမ်းပြီး သီးထပ်အနေဖြင့် ကုလားပဲသီးနှံများကို မြေအောက်ရေတင်စနစ်ဖြင့် ကျဲပက်၍ စိုက်ပျိုးလျက်ရှိကြောင်း၊ ကုလားပဲမျိုးအနေဖြင့် ဟော်လန် (ကုလားပဲဝါ)၊ V2(ကုလားပဲဖြူ) နှင့် 929 (ကုလားပဲဝါကြီး) များကို အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် စိုက်ပျိုးရန် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြင်ခြင်း၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် ၅၀၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ သွင်းအားစုအနေဖြင့် ယခင် စပါးသီးနှံစိုက်ပျိုးစဉ်က ထည့်သွင်းထားမှုကြောင့် ကုန်ကျစရိတ်သက်သာကြောင်း၊ ကုန်ကျစရိတ် သက်သာ၍ အထွက်နှုန်းကောင်းပြီး အကျိုးအမြတ်များ ရရှိသောကြောင့် တောင်သူများအနေဖြင့် စပါးသီးနှံ ရိတ်သိမ်းပြီးလျှင် ကုလားပဲသီးနှံများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလာကြကြောင်း ကုလားပဲစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)

Local Trade News

Pages