ရန်ကုန်-ဟိုချီမင်း ခရီးစဉ်အကြိမ်ရေ ပိုမိုတိုးမြှင့်နိုင်ရန် Vietjet မှ A321 အမျိုးအစားလေယာဉ် အစင်း ၃၀ ထပ်မံဝယ်ယူ ရန်ကုန်-ဟိုချီမင်းခရီးစဉ်နှင့် အခြားခရီးစဉ်များအတွက် သုည ဒေါ်လာမှစတင်သော အထူးလက်မှတ် ၃ သိန်း ရောင်းချမည်

Wed, 11/18/2015 - 10:25 -- admin_ygn

 Vietjet သည် အမေရိကန်ဒေါ် လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ A321 အမျိုးအစားဂျက်လေယာဉ် အစင်း ၃၀ ကို ဗငမဘကျ ကုမ္ပဏီမှ ထပ်မံဝယ်ယူရန် သဘောတူလက်မှတ် ကို ရေး ထိုးခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်အသစ်များသည် မကြာသေး ခင်က စတင်ပျံသန်းပြေးဆွဲခဲ့သည့် ရန်ကုန်-ဟိုချီမင်း ခရီးစဉ်တွင် အရည်အသွေးမြင့်မားပြီး စရိတ် သက်သာ သည့် ဝန်ဆောင်မှု များပေးစွမ်းရန်အတွက် အားဖြည့် ပျံသန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ခရီးသွားများ အနေဖြင့် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွား ကဏ္ဍ အချက် အချာနေရာ များသို့ သွားရောက်သည့် အခါတွင် အကောင်းဆုံး ပျံသန်းမှုအတွေ့အကြုံများ ကိုရရှိမည်ဖြစ်သည်ဟု ဠငနအနြအ လေကြောင်းလိုင်း၏သတင်းထုတ်ပြန်ချက်များအရ သိရ သည်။ Vietjet ၏နာယက၊Nguyen Thanh Ha? Vietjet ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Nguyen Thi Phuong Thao နှင့် Airbus ၏ COO John Leahy တို့သည် မိတ်ဖက် စီး ပွားရေးလုပ်ငန်းရှင် များ နှင့်အတူတကွ အဆိုပါအခမ်းအနားတွင် လေယာဉ်အသစ်များဝယ်ယူမှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ Vietjet ၏အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်သည့် အဆိုပါလေ ယာဉ် သစ်များ ဝယ်ယူခြင်းသည်Vietjet ၏ခရီးသွားများအား ယခင်ကထက်ပို၍ လိုရာ ခရီးသို့ ပို့ဆောင်ပေးနိုင်စွမ်းနှင့် ပျံသန်းမှုကွန်ရက် ကျယ်ပြန့်လာခြင်းတို့ကို သိသာထင်ရှားစေခဲ့ သည် ။ Vietjet ၏ပျံသန်းမှုကွန်ရက်တိုးချဲ့ခြင်း တစ်စိတ် တစ် ဒေသအဖြစ် ရန်ကုန်-ဟိုချီမင်းခရီးစဉ်ကို အောက်တို ဘာ ၂ ရက်မှစတင်၍ ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ခန့်မှန်းပျံ သန်းချိန် ၂ နာရီ ၁၅ မိနစ် ကြာမြင့် သော အဆိုပါတိုက်ရိုက်ခရီးစဉ်သစ်ကိုတစ်ပတ်လျှင် ငါးကြိမ်နှုန်းဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် ပျံသန်းပေးလျက်ရှိသည်။ အဆိုပါ လေယာဉ်သစ်များထပ်မံဝယ်ယူခြင်းအထိမ်းအမှတ်အဖြစ် Vietjet သည်ဗီယက်နမ်ပြည် တွင်းနှင့် ပြည်ပခရီးစဉ်များဖြစ်သည့် ဗန်ကောက်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဆိုးလ်၊ ဟိုချီမင်းနှင့် ရန်ကုန် ခရီး စဉ်များအတွက် သုည ဒေါ်လာမှစတင်သော အရောင်း မြှင့်တင်ရေးလက်မှတ် သုံးသိန်းကို ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ လက်မှတ်များအတွက် အကျုံးဝင် သည့် ကာလမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်အထိဖြစ်သည်။ ''Vietjet ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မှာ မျှော်မှန်းထားတာထက် ပိုပြီးလျင်မြန်စွာ တိုးတက် လာခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ ပထမရေးဆွဲထား တဲ့ လေယာဉ်အသစ်တွေ ဝယ်ယူရေးအစီအစဉ်က တိုးတက်နေတဲ့ လိုအပ်ချက်နဲ့မကိုက်ညီတော့ပါဘူး။ အခုလိုလေယာဉ် သစ်တွေ ဝယ်ယူတာနဲ့အတူ ကျွန် တော်တို့ရဲ့ပျံသန်းမှု ကွန်ရက်တွေကို ဆက်လက်တိုး ချဲ့သွားမယ့်အပြင် ခရီးသည်တွေနဲ့ကမ္ဘာလှည့်ခရီး သွားတွေ အဆင်ပြေပြေ ခရီးသွားနိုင်အောင် အထူး ဝန်ဆောင်မှုနဲ့ အသုံးအဆောင်တွေကို အသက်သာ ဆုံးဈေးနှုန်းနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပါ''ဟု Vietjet ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်Nguyen Thi Phuong Thao က လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

မယ်သီတာ

Local Trade News

Pages