ယခုနှစ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃၁ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်း

Fri, 06/03/2016 - 09:03 -- admin_ygn

ယခု ၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးငွေ ဒေါ်လာ ၃၁ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ရန်ကုန်မြို့ UMFCCI ခန်းမ ၌ ကျင်းပသော အွန်လိုင်းအပြည့်အဝ အသုံးပြု ပို့ကုန်သွင်းကုန် လိုင်စင်စနစ် အလုပ်ရုံ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အထက် ပါအတိုင်း ပြောခြင်းဖြစ်သည်။''ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု ပမာဏ တိုးမြှင့်ရေး အတွက် အလားအလာရှိတဲ့ ပို့ကုန်တွေ တိုးမြှင့်ပို့ဆောင်ဖို့ လုပ်နေ ပါတယ်။ နယ်စပ် ဂိတ်တွေကသာမက ပင်လယ်ရေကြောင်းကပါ ပို့ကုန်တွေ မြှင့်တင် သွားဖို့ လုပ်ဆောင်နေတာပါ။ အခြားကုန်သွယ် ဘက် နိုင်ငံတွေနဲ့လည်း ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်''ဟု ဦးရန်နိုင်ထွန်းက ပြောသည်။မြန်မာနိုင်ငံ၏ကုန်သွယ်မှုပမာဏမှာ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ ဖိုးရှိပြီး၎င်းနှစ်မတိုင်မီ အရင်တစ်နှစ် က ဒေါ်လာ ၂၉ ဘီလီယံအထိ မြင့်တက်ခဲ့ ကြောင်း သိရသည်။ ယခုနှစ်တွင်အလားအလာရှိသော ပို့ကုန်များ မြှင့်တင်ရေး ကြိုးပမ်းလျက်ရှိရာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံဖိုးအထိ တိုးတက်ရရှိရန် ခန့်မှန်း ထားကြောင်း သိရသည်။မြန်မာနိုင်ငံက အလားအလာရှိသော ပို့ကုန်များအဖြစ် ကွမ်းသီး၊ နှမ်း၊ ဝါဂွမ်း၊ သကြားအစရှိသော ပို့ကုန်များ တိုးမြှင့်တင်ပို့ လျက်ရှိကြောင်း သိရသည်။ လက်ရှိ အချိန်တွင် အလားအလာရှိသော ပို့ကုန် မျာ း တွင် သကြားမှာ တင်ပို့မှု အများဆုံး ဖြစ်ပြီး ယမန်နှစ် သြဂုတ်လပိုင်းမှ တင်ပို့မှု ခွင့်ပြုချိန်မှစပြီး တန်ချိန်တစ်သန်းအထိ တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှုမြှင့်တင်ရာတွင် ပြည်ပနိုင်ငံများ၏ လိုအပ် ချက်နှင့် မြန် မာနိုင်ငံ မှ ပို့ကုန်များ ထုတ်လုပ်တင်ပို့နိုင်မှုအပေါ်တွင် အခြေခံ ကြောင်း၊ ဈေးကွက်ရှိပြီး ကုန်ထုတ်လုပ်မှုလည်း ကောင်းရန်လိုကြောင်းသိရသည်။ သို့ရာ တွင် ပို့ကုန်နှင့်သွင်းကုန် နှိုင်းယှဉ်ရာ တွင် မြန်မာနိုင်ငံ သည်ဖွံ့ဖြိုး ဆဲနိုင်ငံဖြစ် သည့် အလျောက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကဲ့သို့ ကုန်ပစ္စည်းများကိုတင်သွင်း နေရ၍ သွင်းကုန်ပမာဏမှာ ဆက်လက်မြင့်မားနေဦးမည်ဖြစ်ကြောင်း သိရသည်။

 

 

Local Trade News

Pages