မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအများဆုံးပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးစိုက်ပျိုးမှု၏ ၄၀% ဖြစ်ကာ ထွက်ရှိမှုမှာ တစ်နိုင်ငံလုံးထွက်ရှိမှု၏ ၈၀% ရှိကြောင်း၊ ရော်ဘာလုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက် ၃ ရပ်နှင့်အညီ နိုင်ငံတော

Thu, 02/15/2024 - 03:52 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသော ဒေသ ဖြစ်ရာ စားဖိုဆောင်သီးနှံများအပြင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲသီးနှံများကို လည်း စိုက်ပျိုးကြကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းမြေပဲစိုက်ဧက ၁၁၅၆ ဧက စိုက်ပျိုး ထားရှိပြီး လက်ရှိအချိန်ထိ ဆောင်းမြေပဲ ၃၃ ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ဆောင်းမြေပဲ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ၅၃၀,၀၀၀ ကျပ်ကုန်ကျခဲ့ကြောင်း၊ စျေးနှုန်းများအနေဖြင့် မြေပဲတောင့် တစ်တင်း လျှင် ၃၆,၀၀၀ ကျပ်၊ မြေပဲဆန် တစ်ပိဿာလျှင် ၆,၂၀၀ ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အထွက်နှုန်းမှာ တစ်ဧကလျှင် ၄၀ တင်းခန့် ထွက်ရှိရာ ဝင်ငွေ ၁,၄၄၀,၀၀၀ ကျပ်ရရှိပြီး အကျိုးအမြတ် ၉၁၀,၀၀၀ ခန့်ရရှိကြောင်း၊ မြေပဲသီးနှံ စျေးနှုန်းများ ကောင်းမွန်သောကြောင့် မြေပဲစိုက်တောင်သူများ တွက်ချေကိုက်သည့်သီးနှံဖြစ်ပြီး အကျိုးအမြတ် များ ရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages