မဲခေါင်စြင်္ကံလမ်းမကြီးပေါ်ရှိ မြန်မာနိုင်ငံမှ လမ်းအပိုင်းအား အဆင့်မြှင့်တင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေပံ့ပိုးမည်

Mon, 11/16/2015 - 13:15 -- admin_ygn

မဲခေါင်စြင်္ကံလမ်းမကြီးပေါ်ရှိ မြန်မာနိုင်ငံတွင်းမှ လမ်းပိုင်းများအား အဆင့်မြှင့်တင်နိုင်ရန် အာရှဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကူညီပံ့ပိုးမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏သတင်းထုတ် ပြန်ချက်များအားကိုးကား၍ နေးရှင်း သတင်းတွင် ဖော်ပြထားသည်။မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ အဓိကလမ်းမကြီး၏တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ကရင်ပြည်နယ်အတွင်းရှိအိန္ဒုမြို့နှင့်ကော့ကရိတ်မြို့နှစ်မြို့ကို ဆက်သွယ်သည့် အရှည် ၆၆ ဒသမ ၄ ကီလိုမီတာရှိ လမ်းပိုင်းအား အဆင့်မြှင့် တင်ပြုပြင်နိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ေ ချးခြင်းဖြစ်ကြောင်း သိရသည်။''ကရင်ပြည်နယ်ဟာ မပြည့်စုံတဲ့ အခြေခံအဆောက်အအုံနဲ့ဆင်းရဲနွမ်း ပါး မှုနှုန်းမြင့်မားတဲ့ အကျိုးသက်ရောက် စေခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုး ခဲ့တဲ့  အစိုးရနဲ့လက်နက်ကိုင်အဖွဲ့အစည်း တွေ ရဲ့တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းမှုနဲ့ အလှမ်းဝေးခဲ့ဲတဲ့ပြည်နယ်တစ်ခုပါ။  ဒါ ပေမယ့် ကရင်ပြည်နယ်ဟာ မြန်မာနိုင်ငံ ရဲ့မြေပြင် ကုန်သွယ်ရေး လုပ်ငန်းဆက် သွယ်မှုမှာ ၂၅ ရာခိုင်နှုန်းလောက်ရှိနေ တဲ့ထိုင်းနိုင်ငံရဲ့အဓိကလမ်းမကြီးတစ်ခု လည်းဖြစ်ပါတယ်''ဟု   အေဒီဘီ၏ အရှေ့တောင်အာရှဒေသဌာန မှ   ပို့ ဆောင်ရေး ဆိုင်ရာ  ကျွမ်းကျင်သူပညာ ရှင် ဂျိမ်းစ်လယ်သာက ပြောကြားခဲ့သည်။အဆိုပါ လမ်းမကြီးအား အဆင့် မြှင့်တင်မှုသည်  မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏အရှေ့အနောက်စြင်္ကံလမ်း မကြီး ဖြတ်သန်းရာ မြန်မာနိုင်ငံတွင်းရှိ လမ်းပိုင်းများအတွက်   ပိုမိုတိုးတက် ကောင်းမွန်မှုများ      ဖြစ်ပေါ်စေနိုင် သကဲ့သို့    နိုင်ငံတော်အတွက်လည်း စီးပွားရေး  အခွင့်အလမ်းသစ်များ ပိုမို များပြားလာနိုင်ကြောင်း  ၎င်းင်းက ဆက် လက် ပြောကြားခဲ့သည်။အဆိုပါစီမံကိန်းမှာ မဟာမဲခေါင် ဒေသခွဲနိုင်ငံများ၏  လမ်းကွန်ရက် အတွင်း ဆောက်လုပ်လျက်ရှိသည့် စံချိန်စံနှုန်း များနှင့် အညီ  ရှိရင်းစွဲ နှစ် လမ်းသွားလမ်းမကြီးကို  ပြုပြင်မွမ်းမံ သွားမည်ဖြစ်ကြောင်း သိရသည်။ယာဉ်ပိတ်ဆို့မှုလျော့နည်းစေရန် နှင့် လမ်းမကြီး အန္တရာယ်ပိုမိုကင်းစေရန် လမ်းပိုင်း အချို့အား လမ်းလွှဲများဖြင့် သွားလာစေမည်ဖြစ်ပြီး  ရေကြီးရေလျှံမှု ဖြစ်ပွားရာဒေသများ၌ ရေမြောင်းများ တည်ဆောက်ခြင်းအပါအဝင်  ရာသီ ဥတုဒဏ်ခံလမ်းစနစ်များ ထည့် သွင်း ပေါင်း စပ် မည်ဖြစ် သည်။ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး ကွန် ရက် မြှင့်တင်မှုတစ်ရပ်အဖြစ် ကျုံဒိုးမြစ် ဆိပ် ကမ်းသို့  ဝင်ရောက်ရာလမ်းမကြီး တစ်ခုကို လည်း ပြန်လည်တည်ဆောက် ရန် အဆိုပါစီမံကိန်းတွင် ထည့်သွင်း ထားကြောင်းသိရသည်။ မဟာမဲခေါင် ဒေသ ခွဲနိုင်ငံများ၏ အရှေ့-အနောက် စြင်္ကံ  လမ်းမကြီး၏ မြန်မာနိုင်ငံတွင်းရှိ လမ်းပိုင်းများ  ပြုပြင်မွမ်းမံမှုပြီးစီးပါက မော်လမြိုင်နှင့်  ရန်ကုန်မြို့တော်အားဗီယက်နမ်နိုင်ငံ ဒါနန်းမြို့နှင့် ချိတ်ဆက်မည်ဖြစ်သည်။အဆိုပါစီမံကိန်းနှင့်အတူ ထိုင်း နိုင်ငံနှင့်  နယ်နိမိတ်ထိ စပ်နေ သည့် ကော့ကရိတ်နှင့်   မြဝတီကို ချိတ်ဆက် ပေးသောလမ်းမကြီး  ပြုပြင်မွမ်းမံရေး ထိုင်းအစိုးရက သီးခြားပံ့ပိုးပေးလျက် ရှိသလို ရန်ကုန်- မော်လမြိုင်အဝေးပြေး လမ်းမကြီးနှင့် အိန္ဒုကြားလမ်းပိုင်းအား မြန်မာပုဂ္ဂလိကကုမ္ပဏီကBOT  စနစ် ဖြင့် ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။အဆိုပါအေဒီဘီ၏ချေးငွေသည် အာရှဖွံ့ဖြိုးရေးစီမံကိန်းအရ ပေးအပ် ထားသည့်     ချေးငွေအမျိုးအစားဖြစ် ကြောင်း  အဆိုပါသတင်းတွင်  ဖော်ပြ ထားသည်။ထို့ပြင် အာဆီယံအခြေခံ အဆောက် အအုံဖွံ့ဖြိုးရေးရန်ပုံငွေမှ လည်း  အဆို ပါလမ်းပိုင်း     ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အမေရိကန်ဒေါ်လာ သန်း၂၀ ထည့်ဝင်ထားပြီး  မြန်မာနိုင်ငံ  အစိုးရမှ လည်း    တစ်စိတ်တစ်ပိုင်းပံ့ပိုးသည့် အနေဖြင့်   အမေရိကန်ဒေါ်လာ  ၁ ဒသမ  ၈ သန်း ထည့်ဝင်ထားကြောင်း သိရသည်။အဆိုပါလမ်းပိုင်း   အဆင့်မြှင့် တင်ခြင်းကို  ၂၀၁၉ခုနှစ်  စက်တင်ဘာ လအတွင်း ပြီးစီးရန်ရည် မှန်းချက်ထား ၍ ဆောင်ရွက်မည်ဖြစ်ပြီး အချိန်ကာလ အားဖြင့်  သုံးနှစ်အတွင်းပြီးစီးရန်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း     သိရ သည်။
မယ်သီတာ

 

Local Trade News

Pages