မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ်များအား ခွင့်ပြုနိုင်ရန် စိစစ်လျက်ရှိသည်ဟုဆို

Wed, 01/13/2016 - 05:50 -- admin_ygn

မြန်မာနိုင်ငံတွင် ယခုအခါ၌ မောင်းသူမဲ့လေယာဉ်၊  ရဟတ်ယာဉ် များ(DRONES)များပြားလာသည်နှင့် အမျှ အဆိုပါဒရုန်းလေယာဉ်များအား တရားဝင်အသုံးပြုခွင့်ရရှိရန် ဒရုန်းလေ  ယာဉ်အသုံးပြုသူများကမျှော်လင့်လျက် ရှိသည်။ထို့ကြောင့် ဇန်နဝါရီ ၅ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ်အမျိုးသား လွှတ်တော် (၁၃)ကြိမ်မြောက်  ပုံမှန် အစည်းအဝေး၏ ၂၁ ရက်ေြ မာက်နေ့ တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်က  ဒရုန်းလေယာဉ် များအား  တရားဝင်ပျံသန်းခွင့်ရရှိရန် မှတ်ပုံတင်ခြင်းလုပ်ငန်းများအား လုပ်  ဆောင်နိုင်ရန် စီစဉ် လျက်ရှိကြောင်း ပြောကြားခဲ့သည်။ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဦးဇင်ယော်က ''မောင်းသူမဲ့ လေယာဉ်၊ ရဟတ်ယာဉ်များကိုဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးရေးလုပ်ငန်း၊ ရာသီဥ တု နှင့် ဘေးအန္တရာယ်လေ့လာရေးလုပ် ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ စိုက်ပျိုး ရေးလုပ်ငန်း၊ တံတားနှင့်အထပ်မြင့် အဆောက်အအုံများ၏  ကြံ့ခိုင်မှုစစ် ဆေးခြင်းလုပ်ငန်း၊ လမ်းပိတ်ဆို့ မှုစောင့်ကြည့်ရေးလုပ်ငန်း၊ သုတေသနလုပ် ငန်း၊ ကာကွယ်ရေးလုပ်ငန်း စသည့်  လူသားအကျိုးပြု   လုပ်ငန်းများတွင် အသုံးဝင်သကဲ့သို့  အကြမ်းဖက်လုပ် ရပ်များတွင်လည်းအသုံးပြု လာနိုင်သည့်အတွက် လိုအပ်သော လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်နိုင်ရန် ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန် ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး  လုပ်ငန်းဝန်ကြီးဌာန၊  ဘဏ္ဍာရေးဝန် ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့်ညှိနှိုင်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ြ မန်မာနိုင်ငံတွင် မောင်း သူမဲ့လေယာဉ်၊ ရဟတ်ယာဉ်များကို အလေးချိန်နှင့်စွမ်းဆောင်နိုင်မှုအပေါ်  မူတည်၍ အတန်းအစား  ခွဲခြားသတ် မှတ်ပြီး စနစ်တကျ  မှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်း  အသုံးပြုခွင့်လက် မှတ်ထုတ်ေ ပးခြင်း၊ မြေပြင်မှ ထိန်းချုပ် မောင်းနှင်သူများကို   စိစစ်ခြင်းများ အတွက် လိုအပ်သော လုပ်ထုံးလုပ် နည်းများအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ Advisory Circular အဖြစ် ထုတ်ပြန်ရန်  စီမံဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။ဒရုန်းလေယာဉ်များ အသုံးပြုခြင်း သည် အဆိုးအကောင်းဒွန်တွဲနေ သည် ဖြစ်ရာေ ကာင်းမွန်သောအသုံးချခြင်း ဖြင့် နည်းပညာတိုးတက်မှုကိုအထောက်  အပံ့ဖြစ်စေနိုင်မည်ဟု  ဒရုန်းလေယာဉ် အသုံးပြုသူများက ပြောကြားသည်။
မယ်သီတာ

Local Trade News

Pages