မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ကျဆင်း

Thu, 02/22/2024 - 04:05 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည်အသွေးအပေါ် မူတည်၍ ကွမ်းတစ်ပိဿာလျှင် ဇန်နဝါရီလ၊ နောက်ဆုံးပတ်တွင် ငွေကျပ် ၁၈,၀၀၀-၁၉,၀၀၀ ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ၊ပထမပတ်တွင် ငွေကျပ် ၁၃,၀၀၀-၁၅,၀၀၀ ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ၊ ဒုတိယ ပတ်တွင် ငွေကျပ် ၈,၀၀၀-၁၂,၀၀၀ ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းအကုန် နွေဦး ရာသီတွင် ကွမ်းအထွက်နှုန်းတိုးပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု များပြားကာ ဈေးနှုန်းကျဆင်း လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Local Trade News

Pages