မုံရွာခရိုင် မိုးများခဲ့လို့ ဆောင်းနှမ်းအထွက်လျော့နိုင်

Fri, 11/20/2015 - 12:17 -- admin_ygn

မုံရွာခရိုင်လေးမြို့နယ်မှာ ယခုနှစ်စိုက်ပျိုးရာသီချိန် အတွင်း နှမ်းမျိုးစုံဧကနှစ်သိန်းကျော်  စိုက်ပျိုးခဲ့ကြတဲ့ အနက် ဆောင်းနှမ်းစိုက်ဧကတစ်သိန်းကျော်ရှိခဲ့တာတွေ့ရပါ တယ်။ ပြီးခဲ့တဲ့ မိုးနှောင်းကာလ အောက်တိုဘာလထဲမှာ နှမ်းအများစု စိုက်ပျိုးခဲ့ကြကာ အချို့ဒေသများမှာ မိုးများခဲ့လို့ အပင်သေ ကာ အခင်းလိုက်ပျက်စီးမှုရှိခဲ့တယ်လို့ မုံရွာမြို့နယ်နဲ့ ဘုတလင် မြို့နယ်မှ နှမ်းတောင်သူတွေက ဆိုပါတယ်။ဘုတလင်မြို့နယ်က ကျေးရွာတွေမှာတော့ မိုးကြောင့် အပင်ဖြစ်ထွန်းမှု ကောင်းမွန်ပေမယ့် အသီးထွက်နှုန်း နည်း လို့ နှမ်းအထွက်လျော့နိုင် တယ် လို့ဆိုပါတယ်။အုတ်ဖို၊ ကွမ်းအုံ၊ ရဲထွက်စတဲ့ဘုတလင်နယ်က နှမ်း တောင်သူတွေကဒီနှစ်ဆောင်းနှမ်းတစ်ဧက ၅တင်းခန့်သာရနိုင်မယ်လို့ဆိုသလို၊ ဒါန်းတိုင်ကျေး ရွာက နှမ်းေ တာင် သူတွေ ကတော့ မိုးမကြောက်တဲ့ဒေသအခေါ်''ရေငုပ်နှမ်း''မျိုးတွေဖြစ် လို့ မိုးများခဲ့ပေမယ့် တစ်ဧက ၁၀တင်းကျော် ထွက်နိုင်တယ် လို့ ခန့်မှန်းထားကြပါတယ် ။ချောင်း ဦးမြို့နယ် တမာမြိုင်အုပ်စု တောင်သူကြီးတွေက တော့ယခုနှစ်ဆောင်းနှမ်းစိုက်ပြီးချိန် မိုးများခဲ့ လို့ အထွက် လျော့နိုင်ပေမယ့် တစ်ဧက ရှစ်တင်းနီးပါးရနိုင်တယ်လို့ဆိုပါတယ်။ မုံရွာနယ်က ဆောင်းနှ မ်းတောင်သူ အချို့က မိုးကြောင့် ပျက်သွားတဲ့  နှမ်းခင်းကိုဖျက်ပြီး ဆောင်းပဲတွေဖြစ်ကြတဲ့ကုလားပဲနဲ့ စွန်တာနီအစားထိုး စိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။ မုံရွာခရိုင်ရဲ့ ဒေသ ခံနှမ်းတောင်သူ အများစုက အထွက် နှုန်း နည်းရင်တောင် အရှုံးမရှိစေမယ့်နှမ်းဖြူကို အများဆုံး စိုက်ပျိုးကြပြီး မြေကောင်းတဲ့ဒေသတွေကတော့ ဈေးအမြင့် ဆုံးရနိုင်တဲ့ နှမ်းနက်ကို  ရွေးချယ်စိုက်ပျိုးကြ တယ် လို့ သိရ ပါတယ်။နှမ်းဈေးကွက်အနေနဲ့ ပြီးခဲ့တဲ့နှစ် ဆောင်းနှမ်းပေါ် ချိန်မှာ နှမ်းညိုတစ်တင်း ၂၈၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ် နှမ်း ဖြူ တစ်တင်း ၃၂၀၀၀ ကျပ် မှ ၃၄၀၀၀ ကျပ် အကြားဖြ စ်ပေါ် ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်မှာ တော့ နှမ်းညိုတစ် တင်း ၂၈၃၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၃၅၅၀၀ ကျပ် အောက် ဈေးဖြစ်ပေါ်နေလို့ လာမယ့်ဒီဇင်ဘာလ ဆန်း ဆောင်းနှ မ်း ပေါ်ချိန်မှာ ဒိုင်ကို အဝင်လျော့နိုင်တဲ့အတွက် ဈေးမာနိုင်ဖွယ် ရှိတယ်လို့ တောင်သူနဲ့ ကုန်သည်တွေရဲ့ သုံးသပ်ခန့်မှန်းချက် ကို လေ့လာသိရှိရပါတယ်။
ထွန်းလှိုင် -မုံရွာ

Local Trade News

Pages