မုံရွာကုန်စည်ဒိုင်မေစတုတ္ထပတ် ပဲဈေးကွက် စိမ်းကြီးအရောင်းအဝယ်သွက်

Wed, 06/01/2016 - 06:28 -- admin_ygn

မုံရွာကုန်စည်ဒိုင် မေစတုတ္ထပတ် ပဲဈေးကွက်မှာ ယခင်တစ်ပတ်နဲ့စာရင် ပြည်ပပို့ကုန်ပဲအများစု   ဈေးအနည်း ငယ်အေးသွားခဲ့ပေမယ့်  ပဲတီစိမ်းကြီး ကတော့  နယ်အဝင်သွက်လာသလို ဝယ်လက်အဆွဲများလို့   အရောင်း အဝယ် လည်းသွက်လာတယ်လို့ သိရပါ တယ်။ မုံရွာကုန်စည်ဒိုင်ကို နယ်စုံကပုံမှန်ဝင်ခဲ့ပြီး ရေဦးနယ်ဘက်က ပိုဝင်လာတယ်လို့ဆိုပါတယ်။ ယခုတစ်ပတ် မှာ စိမ်းကြီးတစ်တင်း ကျပ် ၃၁၅၀၀ မှ ကျပ် ၃၂၀၀၀ အတွင်း ပေါက်ေ ဈးဖြ စ် ပေါ်ခဲ့ပြီး စိမ်းသေးက  တစ်တင်းကျပ် ၂၇၀၀၀ မှာ ဈေးငြိမ်နေခဲ့ပါတယ်။ နယ် အဝင်ရှိသလောက် ဝယ်လိုအားကောင်း လို့ တစ်ရက်  အိတ် ၁၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။  ယခု တစ်ပတ် ငုံနီဈေးကွက်မှာ လည်း ရန်ကုန်ဝယ်လက်သာ  ရှိခဲ့ပြီး ယခင်တစ်ပတ်ကတည်းက ဈေးအနည်း ငယ်အေးကာ တစ်တင်းကျပ် ၄၈၂၀၀ မှ ကျပ် ၄၈၅၀၀ အကြား နေ့စဉ်ပေါက် ဈေး အနိမ့်အမြင့်ကစားလျက် ပုံမှန် အားဖြင့် တစ်ရက် အိတ်တစ်ထောင်ဝန်း ကျင် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မတ်ပဲဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်   ပုံမှန်ရှိသလို မုံရွာ ဒေသခံ ခွဲစက်သမားအဝယ်အနည်း ငယ်ရှိခဲ့တဲ့အတွက် တစ်တင်း ကျပ် ၅၂၅၀၀ မှ ကျပ် ၅၃၅၀၀ အကြား ဈေး ငြိမ်စွာနဲ့ တစ်ရက်အိတ်   ၂၀၀/၃၀၀  ခန့်  ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့  ဆိုပါတယ်။အခြားလက်လီဈေးကွက်ကိုသာ အားပြုနေရတဲ့ ဒေသထွက်ပဲမျိုးစုံထဲက လွန်းပြာတစ်မျိုးသာ နယ်အဆွဲ အနည်း ငယ်ရှိလို့ တစ်တင်း ကျပ် ၂၀၅၀၀ အထိ ဈေးကောင်းရခဲ့ပေမယ့် ကျန်ပဲတွေဖြစ် တဲ့စွန်တာနီကတစ်တင်းကျပ် ၁၄၈၀၀၊ ပဲနီလုံးကြား  တစ်တင်းကျပ် ၁၄၈၀၀ ၊ ပဲပုပ်တစ်တင်း ကျပ် ၁၈၅၀၀၊ ပဲယင်းဝါ တစ်တင်း ကျပ် ၁၄၅၀၀၊ ပုဂံပဲတစ်တင်း ကျပ် ၁၇၀၀၀ ၊ မြေထောက်ပဲတစ်တင်းကျပ် ၁၇၀၀၀   အသီးသီး   အမြင့်ဆုံး ပေါက်ဈေးရခဲ့ကြပြီး     ထောပတ်ပဲက တော့ ဈေးကွက်ထဲမှာ   တစ်တင်းကျပ် ၁၁၅၀၀ နဲ့ အနိမ့်ဆုံးပေါက်ဈေးစာရင်း ဝင်ခဲ့တာတွေ့ရပါတယ်။ ပဲလက်လီတွေထဲက လုပ်ငန်းသုံးဝယ်လက်ပုံမှန်ရှိ တဲ့ ပဲကြီးဈေးကွက်မှာ    တစ်တင်းကျပ် ၂၅၂၀၀ မှ ကျပ် ၂၆၅၀၀ အတွင်း ဈေး တန့်နေပြီး ဒေသတွင်း ပဲကြော်ဖိုနဲ့ နယ် လက် အနည်းငယ်အဆွဲရှိလို့  တစ်ခါ တစ်ရံ   အိတ်  ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ မုံရွာ ကုန်စည်ဒိုင်ရပ်ကွက်မှ လေ့လာသိရှိရ ပါတယ်။    

                  
ထွန်းလှိုင်-မုံရွာ

Local Trade News

Pages