မိမိဖုန်းထဲသို့ ကိုယ်တိုင် မှားယွင်းပြီး ဘီလ်ပြန်လွဲှမိကြသော MPT သုံးစွဲသူများ၏ အားပေးမှုကို တန်ဖိုးထားလေးစားသည့်အတွက် MPT မှဝန်ဆောင်ခ ငါးရာခိုင်နှုန်းကို ပြန်လည်ဖြည့်သွင်းပေးခဲ့

Wed, 01/13/2016 - 06:26 -- admin_ygn

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း (MPT) မှ (MPT) ကိုအသုံးပြုသော မိဘပြည်သူများအား အစဉ်အမြဲအားပေးသုံးစွဲ သည့်အတွက် တန်ဖိုးထား လေးစားသောအားဖြင့် လက်ကျန်ငွေ  လွဲှပြောင်းခြင်းဝန်ဆောင်မှုကို အသုံးပြုပြီး မိမိဖုန်းသို့ပြန်လည်ဘီလ်လွဲှပြောင်းမိသော MPTအသုံးပြုသူများအား၎င်းတို့ေ ပးဆောင်ထားရသည့် လွဲှပြောင်းခြင်းဝန်ဆောင်ခ  ငါးရာခိုင်နှုန်းကို ၎င်းင်းတို့၏ဖုန်းများသို့ ပြန်လည် ဖြည့်သွင်းပေးအပ်ခဲ့ကြောင်း ဇန်နဝါရီ ၈ ရက်ကသတင်းထုတ်ပြန်ကြေညာခဲ့သည်။
MPT သည်သုံးစွဲသူများ အလွန်စိတ်ဝင် စားခဲ့သည့် ဖုန်းအချင်းချင်း  လက်ကျန်ငွေလွဲှ ပြောင်းပေးခြင်း ဝန်ဆောင်မှုကို မကြာသေးမီက စတင်ခဲ့ပြီး သုံးစွဲသူအများအပြားကလည်း ဝန်ဆောင် မှု စတင်ရရှိသည့်အချိန်မှစ၍ မိမိတို့ အချင်းချင်း ဖုန်းငွေ လွဲှပြောင်းပေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ဤဝန်ဆောင်မှုသည် MPT သုံးစွဲသူများအကြားသူငယ်ချင်းများနှင့် မိသားစုများထံသို့လို အပ်ချိန် တွင် လက်ကျန်ငွေလွဲှပြောင်းပေးနိုင် ရန် ပြုလုပ်ထားသည့်ဝန်ဆောင်မှုဖြစ်ပြီး အချို့ သော သုံးစွဲသူများက မိမိဖုန်းထံသို့ မိမိဘာသာ လက်ကျန်ငွေလွဲှပြောင်းခြင်းကို စမ်းသပ်ပြုလုပ် ခဲ့ကြရာထိုသို့ပြုလုပ်ရာတွင်တစ်ကြိမ်ပြုလုပ်တိုင်း MPT ကလွဲှပြောင်းမှုအတွက်ဝန်ဆောင်ခ ငါးရာခိုင်နှုန်း ဖြတ်တောက်ခြင်းကို သတိမပြုမိ ကြဘဲ စမ်းသပ်ခဲ့မိကြသည်။ထိုသို့မှားယွင်းစမ်း သပ်ရာမှ ဖုန်းဘီလ်ထဲမှ ဝန်ဆောင်ခကို ဖြတ်တောက်ခံခဲ့ရသူများအတွက် MPT မှ ဝန်ဆောင်မှုငါးရာခိုင်နှုန်းကို ၎င်းင်းတို့၏ ဖုန်းများသို့ ပြန်လည်ဖြည့်သွင်းပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
MPT-KSGM Joint Operation  ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ''ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူ တွေက အမြဲတမ်း စိတ်ဝင်စားစရာကောင်းတဲ့ ဝန်ဆောင်မှုတွေကို လိုချင်ကြတယ်ဆိုတာ သိပါ တယ်။ အစဉ်အမြဲသုံးစွဲလာကြတဲ့ ပြည်သူတွေရဲ့ အားပေးမှုကိုလည်း  တန်ဖိုးထားလေးစားတဲ့ အတွက် ဒီလက်ကျန်ငွေလွဲှတဲ့ဝန်ဆောင်မှု ကို စမ်းသပ်ရင်း ကိုယ့်ဖုန်းထဲ ကိုယ်ဘီလ်ပြန်လွဲှမိကြ တဲ့ သုံးစွဲသူတွေရဲ့ ဖုန်းတွေထဲကို အခုလိုမျိုးဝန် ဆောင်ခ ငါးရာခိုင်နှု်းကို ပြန်ပြီးထည့်ပေးတာပါ၊MPTသုံးစွဲသူတွေတိုင်းကို ကျွန်တော် တို့က အလေးထားပါတယ်။ ဝန်ဆောင်မှုအသစ်ကို အသုံးပြုရာ မှာလည်း နစ်နာမှုတစ်စုံတရာမရှိဘဲ ပျော်ပျော် ရွှင်ရွှင်သုံးစွဲစေချင်ပါတယ်''ဟုပြောကြားခဲ့သည်။MPT ၏ကြိုတင်ငွေဖြည့်ခြင်း ဝန်ဆောင်မှုကို သုံးစွဲသူများအနေဖြင့် အခြား MPT ကြိုတင် ငွေဖြည့်ခြင်း  ဝန်ဆောင်မှုကို သုံးစွဲသူထံသို့ အနည်းဆုံး လက်ကျန်ငွေ သုံးရာကျပ်မှ အများ ဆုံး တစ်သောင်းကျပ်အထိ ဘီလ် လွဲှပို့ပေးနိုင်ပြီး လွဲှပြောင်းမှုတစ်ခုချင်းစီအတွက် လွဲှပြောင်းပေး သူ၏ လက်ကျန်ငွေထဲမှ ဝန်ဆောင်ခရာခိုင်နှုန်း ကို ဖြတ်တောက်သွားမည်ဖြစ်သည်မည်သည့် MPT,GSM, WCDMA ကြိုတ င်ငွေဖြည့်ခြင်း ဝန်ဆောင်မှုစနစ် သုံးစွဲသူတိုင်းမဆို *223*လွှဲပြောင်းပေးလိုသည့်ပမာဏ*လွဲှပြောင်း ပေးလိုသည့်ဖုန်းနံပါတ်# သို့ ခေါ်ဆိုခြင်းဖြင့် လက်ကျန်ငွေ လွဲှပြောင်းသည့်ဝန်ဆောင် မှုကို အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
မယ်သီတာ

Local Trade News

Pages