ပွင့်လင်းရာသီဈေးကွက်တွင် ပြည်ပပို့ကုန် ပုသိမ်ထီး အရောင်းအဝယ်သွက်

Fri, 11/27/2015 - 11:17 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာ့လက်မှုရိုးရာ ပုသိမ်ထီးမှာ ယခုပွင့်လင်းရာသီတွင် အရောင်းအဝယ်သွက် လျက်ရှိေ ကြာင်း၊ ပြည်တွင်းပြည် ပဈေး ကွက် ခိုင်မာစွာရရှိထားသော ပုသိမ်ထီး များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ တောင်ကြီး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိ ဟိုတယ်များတွင်အသုံးပြုရန် ဝယ်ယူ လျက်ရှိပြီး၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ စသည့် ကမ်းခြေဒေသများတို့မှလည်း အမှာစာများရရှိထား ကြောင်း ဈေးကွက်မှသိရပါတယ်။ပုသိမ်ထီးဈေးကွက် မှာ အာရှမှ ဝယ်ယူသူများရှိ သလို ဥရောပဈေးကွက် တွင် ပို၍လူကြိုက်များကြောင်း၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေသို့ လာရောက် လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားများနဲ့  သီးသန့်လာရောက် လေ့လာ ဝယ်ယူ တဲ့ ပြည်ပနိုင်ငံသားများလည်းရှိကြောင်း၊ ပုသိမ်ထီးပြုလုပ်ရာတွင် ဒေသထွက်ကုန် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စများ အဓိကအသုံးပြုရပြီး ထီးဆိုက်မှာ အသေးလေး လက်မမှ ၂၀ လက်မအတွင်းနဲ့ ဆိုက်ကြီး လေးပေမှ ၁၀ ပေ၊ ၁၂ ပေအထိရှိကြောင်း၊ ထီးကိုအလှဆင်ရာတွင် ရှေးရိုးရာမပျက် ကနုတ် ပန်း ပန်းချီဖြင့် အလှဆင်ပြီး၊ ကနုတ်ပန်း ပန်းချီဒီဇိုင်း အမျိုးအစား ၁၀၀ ကျော် ခန့် ရေးဆွဲလျက် ရှေးခေတ်ရိုးရာမပျက်ရေးဆွဲထားပြီး ထီးတစ်ခုလုံးကို လက်ဖြင့် သာပြုလုပ်ရသောကြောင့်    လက်မှုအနုပညာတစ် ခုအဖြစ်   ပြည်ပနိုင်ငံများမှ   စိတ်ဝင်တစားဝယ်ယူူကြိုက်နှစ်သက်မှုရှိကြောင်း ပုသိမ်မြို့တောရကျောင်းလမ်း ရွှေစာထီးလုပ်ငန်းရှင် ဦးမင်းနိုင်ကပြောပါတယ်။လက်ရှိ ရန်ကုန်မြို့ Frangi Paniကုမ္ပဏီမှ တစ်ဆင့် ဂျာမနီနိုင်ငံ ဟမ်း ဘတ်သို့တင်ပို့ရန် ပုသိမ်ထီး အကြီးအသေးဆိုက်စုံ  အလက်ရေ လေးငါးရာခန့် ဝယ်ယူရန် အမှာစာရရှိထားကြောင်း ၎င်းင်းကဆက်လက် ပြောကြားပါတယ်
မင်းမင်းဦး-ပုသိမ်

Local Trade News

Pages