ပြည်တွင်းစတော့ရှယ်ယာဈေးများ ကျဆင်းပြီးမှ ပြန်လည်မြင့်တက်

Mon, 07/04/2016 - 06:56 -- admin_ygn

ယခုတစ်ပတ်အတွင်း အစုရှယ် ယာဈေးနှုန်းများသည် ကျဆင်းခဲ့ပြီးမှ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။Brexit  ဂယက်ကြောင့် ပြည်တွင်း  စတော့ရှယ်ယာဈေး များ  လိုက်ပါကျ ဆင်းခဲ့သော်လည်း ဈေးကျဆင်းမှုကြောင့် အဝယ်ပြန်လိုက်လာခဲ့သဖြင့် ဈေးပြန် လည် မြင့်တက်လာရခြင်းဖြစ်သည်ဟု ဆိုသည်။''စတော့ဈေးကွက်ကတော့ ဒီလို ပါပဲ။ အတက်အကျက  အမြဲလိုလိုရှိ တတ်ပါတယ်။ အတက်အကျ မမြန်ဖို့ နဲ့ မများဖို့ပဲလိုပါတယ်။ ဒီတစ်ပတ်ထဲမှာ လည်း  ဈေးကျသွားတယ်ဆိုတာက ကမ္ဘာ့စတော့ဈေးကွက်မှာ ဈေးကျဆင်း မယ်ဆိုတဲ့သတင်းကြောင့် ဒီမှာလည်း ဈေးလိုက်ပါကျဆင်းရတာပါ။ ဒါပေ မယ့်လည်း ဈေးကျသွားတဲ့တွက် ပြန် ပြီး အဝယ်လိုက်လာတော့  သူ့ရဲ့မူလ ဈေးကို ပြန်ရောက်သွားပါတယ်''ဟု စတော့ဈေးကွက် ကျွမ်းကျင်သူတစ်ဦး က ပြောသည်။ဇွန်လ ၂၇ ရက်ကFMI  ရှယ်ယာ ဈေးနှုန်းသည် ကျပ် ၂၄၀၀၀ ရှိခဲ့သော် လည်း ဇွန် ၂၈ ရက်တွင် ကျပ် ၂၀၀၀၀ သို့ ကျဆင်းသွားခဲ့သည်။ သို့သော် ဇွန် ၃၀ ရက်နှင့်ဇူလိုင် ၁ ရက်တို့တွင် ဈေး ပြန်လည်မြင့်တက်ခဲ့ကာ ကျပ် ၂၂၀၀၀ သို့ ရောက်ရှိခဲ့သည်။MTSH  ရှယ်ယာဈေးနှုန်းများ သည်  ဇွန် ၂၇ ရက်က ကျပ် ၅၀၀၀၀ ရှိခဲ့သော်လည်း ဇွန် ၂၈ရက်ညနေပိုင်း တွင်ကျပ် ၄၇၀၀၀သို့ ကျဆင်းသွားခဲ့ သည်။ သို့သော် ဇူလိုင် ၁ရက်တွင်ကျပ် ၅၀၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့ သည်။

 

Local Trade News

Pages