ပြည်ဆီထွက်သီးနှံဈေးကွက် ဝယ်လက်ပျောက်၍ဈေးအေး

Thu, 11/12/2015 - 13:18 -- admin_ygn

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဝယ်လက်ပျောက်၍ ဈေးအေးနေပါတယ်။ နှမ်းနဲ့ မြေပဲဆန်ဈေးမှာ အဝယ်သိပ်မရှိသဖြင့် ဈေးကျ နေတာတွေ့ရပါတယ်။ နှမ်းအဝင်မှာ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် သာရှိ ပြီး ဆီစက်သမားများသာ အနည်းငယ်အဝယ်ရှိပါတယ်။ မြေပဲဆန်မှာလည်း တစ်နေ့ကို အိတ် ၅၀၀ သာအဝယ်ရှိကာ လုံးဆန်ကို မကွေးနဲ့ မန္တလေး ဝယ် လက် များက အဝယ်ရှိသော်လည်း ဈေးမတက်ဘဲ အရောင်းအဝယ်အနည်းငယ်သာ ဖြစ်ပါတယ်။ ဝယ်လက်အဝယ်ပျောက်နေလို့ ပြည်ဈေးကွက်မှာ ယခုအပတ်၌ ဆီထွက်သီးနှံဈေးကျ လာပါတယ်။ နှမ်းဈေးမှာ နှမ်းနီတစ်တင်း ၃၁၆၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၄၁၆၀၀ ကျပ်နဲ့ စမုံနှမ်းနက် တစ်တင်း ၆၃၀၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးလျော့ သလို မြေပဲဆန်ဈေးမှာ လည်း မြေပဲ ဆီ ဆန် တစ်ပိဿာ ၂၁၀၀ ကျပ်နဲ့ လုံးဆန် တစ်ပိဿာ ၂၅၀၀ ကျပ် ဈေးမြင့် ဈေးအေးနေတာ တွေ့ရပါတယ်။

ဝေေ၀မင်း- ပြည်

Local Trade News

Pages