ပြည်ခရိုင်တွင် ကြံစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိ

Fri, 01/05/2024 - 03:37 -- mocadmin

    ပြည်ခရိုင်အတွင်း ကြံသီးနှံကို မြို့နယ်အားလုံးစိုက်ပျိုးပြီး ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့ နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိရာ ယခင်နှစ်က ကြံသီးနှံ(ခင်းသစ်) (၂၀,၄၉၈) ဧက၊ (လမိုင်း) (၇,၃၄၀)ဧက၊ စုစုပေါင်း (၂၇,၈၃၈) ဧက စိုက်ပျိုးခဲ့ပြီး ပျမ်းမျှအထွက်နှုန်း (၂၃) တန် ထွက်ရှိခဲ့ ကြောင်း၊ ယခုနှစ်တွင် (ခင်းသစ်) (၂၀,၉၀၅) ဧက၊ (လမိုင်း) (၇,၄၃၀)ဧက စုစုပေါင်း (၂၈,၃၃၅) စိုက်ပျိုးခဲ့ရာ ပျမ်းမျှအထွက်နှုန်း (၂၉.၉၅) တန်ရှိကြောင်း၊ ပြည်မြို့နယ်တွင် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွသကြားစက် (၂) စက်ရှိကြောင်း၊ ယခင်နှစ်က သကြားစက်များမှ ကြံ တစ်တန်လျှင် စက်အရောက်ဈေး ၇၅,၀၀၀ ကျပ် ဈေးပေးဝယ်ယူလျက်ရှိပြီး ယခုနှစ်တွင် စက်ရုံ အရောက်ဈေး ကြံတစ်တန်လျှင် ၁၂၅,၀၀၀ ကျပ်ဖြင့် ဈေးကောင်းပေးဝယ်ယူလျက်ရှိကြောင်း၊ နဝဒေးသကြားစက် အနေဖြင့် ယခုနှစ်တွင် ကြံတန်ချိန် ၂၀၀,၀၀၀ ခန့် ကြိတ်ခွဲရန် လျာထားပြီး သကြားတန်ချိန် ၁၄၀၀၀ ခန့်၊ အင်ငါးခွသကြားစက် အနေဖြင့် တန်ချိန် ၁၃၅,၀၀၀ ခန့် ကြိတ်ခွဲရန် လျာထားပြီး သကြားတန်ချိန် ၁၀,၈၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ပြည်ခရိုင် အတွင်းရှိ ကြံစိုက်တောင်သူများအနေဖြင့် ခုတ်သိမ်းပြီးသော ကြံများကို သကြားစက်သို့ တိုက် ရိုက်တင်ပို့ရောင်းချလျက်ရှိရာ သကြားစက်များမှ ယခင်နှစ်ကထက် ဈေးမြှင့်ဝယ်ယူလျက်ရှိသော ကြောင့် တောင်သူများ အကျိုးအမြတ် ပိုမိုရရှိလျက်ရှိကြောင်း သိရှိရသည်။

DOCA(ပဲခူး)

Local Trade News

Pages