ပဲမျိုးစုံနှင့်ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအစုအဖွဲ့ ကွင်းဆင်းဖွဲ့စည်းခြင်းနဲ့ ဒေသခံပြည်သူလူထုအား စားသုံးသူအကာအကွယ်ပေးရေး ပညာပေးဟောပြောပွဲ တစ်ဆက်တည်းဆောင်ရွက်

Wed, 11/25/2015 - 11:15 -- admin_ygn

အမျိုးသားပို့ကုန် မဟာဗျူဟာအကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ ကြိုတင်ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့် တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန  တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်မောင်း (ညွှန်ကြားရေးမှူး)ရဲ့ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်၊အရာတော်မြို့နယ် ၊ ကျွန်းတောကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်မှာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ရာ အရာတော်မြို့နယ်တာဝန်ခံက အစုအဖွဲ့ ဖွဲ့စည်းရခြင်းရဲ့  ရည်ရွယ်ချက်များ ၊ ဒေသခံတောင်သူများရဲ့ စိုက်ပျိုးထွက် ကုန်များမှ ဝင်ငွေပိုမိုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှု များကို ရှင်းလင်းဆွေးနွေးပြီး ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ကို တောင်သူ ၂၀ ဦးဖြင့်လည်းကောင်း ၊ ဆီထွက် သီးနှံ စိုက်ပျိုးထုတ်လုပ် သူများအစုအဖွဲ့ကို တောင်သူ ၁၉ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းဆောင်ရွက် ပြီး ဒေသခံပြည်သူလူထု ၃၇ ဦး ၊ စုစုပေါင်း ၅၇ ဦးတို့အား  အန္တရာယ်ရှိတဲ့ အစားအစာ များ အကြောင်း ဆွေးနွေးရာ ဟင်းချိုမှုန့်စားသုံးခြင်းဖြင့် ဖြစ် ပေါ်နိုင်သော အန္တရာယ်များ ၊ စားအုန်းဆီများ အကြောင်း အကျယ်တဝင့် ဟောပြော ဆွေးနွေးပြီး စားသုံးသူ အကာအကွယ်ေ ပးေ ရး ဥပဒေ အကြောင်း ဟောပြောဆွေးနွေးမှုများကို တစ်ဆက်တည်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါတယ်။
ဌေးတင့်(အရာတော်)

Local Trade News

Pages