ပဲစဉ်းငုံဈေးကွက်အခြေအနေ

Fri, 01/05/2024 - 03:43 -- mocadmin

   မိတ္ထီလာခရိုင်အတွင်း ပဲမျိုးစုံ စိုက်ပျိုးကြပြီး ပြည်ပပို့ကုန် သီးနှံဖြစ်သည့် ပဲစဉ်းငုံကို အဓိက ထား စိုက်ပျိုးကြကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲစဉ်းငုံစိုက်ဧက (၉၆၇၄၀) ဧကရှိကြောင်း၊ ပဲစဉ်းငုံသည် မိုးသီးနှံဖြစ်၍ ဇွန်လတွင်စိုက်ပျိုးကြပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းလျက်ရှိကြောင်း၊ ပဲစဉ်းငုံကို အများအားဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက် သာ အဓိကစိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံပေါ်ချိန်တွင် ပဲစဉ်းငုံ (၂၀) ပိဿာ တစ်တင်းလျှင် (၅၀,၀၀၀) ကျပ်သာရှိခဲ့ပြီး၊ ယခုလက်ရှိဈေးကွက်တွင် ပဲစဉ်းငုံ (၂၀) ပိဿာ တစ်တင်းလျှင် (၁၀၃,၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ပိုမို ရရှိကြောင်း သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages