ပုသိမ်မြို့ ဆန်စပါးဈေးကွက်မှာ ယခင်လထက် စပါးဆန်ဈေးနှုန်းမြင့်တက်၊ နွေသီးထပ်ရင်ဆန်များ အရောင်းအဝယ်သွက်

Mon, 07/04/2016 - 06:38 -- admin_ygn

ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် ယခင်နှစ်မိုးစပါး ဧရာဝတီပေါ်ဆန်း ၁၀၅ ပေါင်၊ တင်း ၁၀၀ ကို ပေါ်စက ကျပ်     ၈၄၀၀၀၀ ၊ ကျပ် ၈၅၀၀၀၀ ဈေးနှုန်းရှိပြီး၊ ယခု ကျပ် ၁၀၀၀၀၀၀ ပတ်ဝန်းကျင်ဈေးနှုန်းဖြင့်  ဆန်တစ်အိတ် လျှင်ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု  ၃၄၀၀၀ ကျပ်သို့ မြင့်တက်သွားပြီး၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀၀ ကို စပါးပေါ်ချိန် ကျပ် ၇၄၀၀၀၀ ၊ ကျပ်၇၅၀၀၀၀ ဈေးတွင် ဆန် တစ်အိတ် လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု ပေါ်ဆန်းရင်စပါးဈေးမှာ   ကျပ် ၉၂၀၀၀၀ သို့ ဈေးမြင့်သွားပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ဈေးနှုန်းဖြစ်သွားကြောင်း၊ ပေါ်ဆန်းရင်စပါးဈေးမှာ  ယခုလက်ရှိအချိန်ဈေးကွက်တွင် အရောင်းအဝယ်နည်းပါး ၍  တောင်သူလက်ကြီးသမားများ နှင့် စက်ပိုင်ကုန်သည်တချို့ထံတွင်သာ   လှောင်စပါးအဖြစ် ထားရှိပြီး ဈေးကွက်လိုအပ်ချက်အရသာ ကြိတ်ခွဲ၍ စပါးသစ် မပေါ်ခင်အချိန် ထိ   ဈေးကွက်မှာ ပုံမှန်ရောင်းဝယ်စားသုံးမှု သာ ရှိကြောင်း ဆန်စပါးအသိုင်းအဝိုင်းမှ သိရပါတယ်။ပေါ်ဆန်းစပါးဈေးကွက်    မြင့်တက်လာမှုနဲ့အတူ ဧည့်မထအုပ်စုဝင် မိုးစပါး၊ မနောသုခ၊ မျိုးပွားစပါးဈေးမှာ ပေါင် ၁၀၀ တင်း ၁၀၀ ကို ကျပ် ၅၀၀၀၀၀ ဝန်းကျင်ဈေးနှုန်း တွင် ဆန်တစ်အိတ် လျှင်  ကျပ် ၂၃၀၀၀၊ ကျပ် ၂၄၀၀၀ ဈေးမှ ယခုစပါးဈေးမှာ ကျပ် ၆၅၀၀၀၀ ဝန်းကျင်ဖြစ်သွားပြီး ဆန် တစ်အိတ်လျှင် ကျပ် ၂၅၀၀၀၊ ကျပ် ၂၆၀၀၀   ဈေးမြင့်သွား ကြောင်း၊  လူနည်းစုစားသုံးသော ရွှေသွယ်
စပါးဈေးနှုန်းမှာ စပါးလက်ကျန်  နည်းပါးလာမှုနှင့်အတူ ပေါ်ဆန်းရင်စပါး ဈေးနှုန်းဝန်းကျင်မြင့်တက်၍ ပေါင် ၁၀၀ တင်း ၁၀၀ ကိုယခင် စပါးဈေး ကျပ် ၈၀၀၀၀၀ ဝန်းကျင်ဈေးတွင် ဆန်တစ်အိတ် လျှင်ကျပ် ၂၇၀၀၀ ၊  ကျပ် ၂၈၀၀၀ မှ ယခု စပါးဈေးကျပ် ၉၀၀၀၀၀ ဝန်းကျင်ဖြစ်သွားပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၂၀၀၀ ဈေး တက်သွားကြောင်း၊ ယခုလက်ရှိဈေးကွက်တွင် ဧရာဝတီပေါ်ဆန်း၊   ပေါ်ဆန်းရင်၊ ရွှေသွယ်၊ မနော သုခ၊ မျိုးပွား ဆန်များ ပုံမှန်ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်တွင် အများစားသုံးနိုင်၍ ဈေးတန်းအနည်းငယ်နိမ့်သော နွေသီး ထပ်ရင် စပါးဈေး ပေါင် ၁၀၀ တင်း ၁၀၀ ကို ကျပ် ၅၀၀၀၀၀၀န်းကျင်ဈေးတွင် ဆန်တစ်အိတ် လျှင် ကျပ် ၁၉၀၀၀ ၊ ကျပ် ၁၉၅၀၀ ဈေးမှ ယခု လက်ရှိစပါးဈေး ကျပ် ၅၅၀၀၀၀ ဝန်း ကျင်ရှိပြီး ဆန်ဈေးနှုန်းမှာ ကျပ် ၂၀၅၀၀ ၊ ကျပ် ၂၁၀၀၀ ဈေး ဖြင့် အထက်အညာဒေသများသို့တင်ပို့ကာ အရောင်းအဝယ် သွက်လျက် ရှိေ ကြာင်း ပုသိမ်မြို့၊  ဧရာမင်း ဆန်ဆိုင်ပိုင်ရှင် ဆန်ကုန်သည်ဦးဇော်ဝင်း ကပြောပါတယ်။

မင်းမင်းဦး -ပုသိမ်

Local Trade News

Pages