နယ်စပ်စခန်းစုံမှ ကြက်သွန်နီတင်ပို့

Mon, 07/04/2016 - 06:54 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာ  ရက်သတ္တပတ်တွင် အမေရိကန် ဒေါ်လာ ၄၀၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၁၅၀၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ် ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိ ကန်ဒေါ်လာ ၁၄၄၅၁၆ တန်ဖိုးရှိ ကြက်သွန်နီ ၄၃၇ တန်ခွဲနဲ့ တာချီလိတ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်၁၀၀ နဲ့ အမေရိကန်ဒေါ်လာ ၁၄၇၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၁၀၀ အသီးသီး တင်ပို့ခဲ့ကြပါတယ်။ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ (ဆိပ်ဖြူ) တစ်ပိဿာလျှင် အမျိုးအစားအလိုက် ကျပ် ၃၃၅-၅၄၅ ပေါက်ဈေးရှိပြီး နယ်ဘက်ဒေသမှ ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီ အဝင် များပြားနေကြောင်း၊ မေလ နောက်ဆုံးပတ်တွင် နယ်ဈေးမြင့်တက် မှုကြောင့် ကြက်သွန်နီတစ်ပိဿာ ကျပ် ၆၅၀ အထိ ဈေးရှိခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြက်သွန်နီကုန်သည်များထံမှ သိရပါတယ်။                 
                                                                                                                      
  မော်မော်အောင်

Local Trade News

Pages