နည်းလမ်းနှစ်သွယ်နဲ့ ဆန်တန်ချိန် လေးသောင်းနီးပါးတင်ပို့

Thu, 01/07/2016 - 05:33 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာလ ၁၉ ရက်မှ  ၂၅ ရက်အထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁၂ ဒသမ  ၈၉၅ သန်းဖိုးရှိ ဆန် ၃၅၁၄၇ တန်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုတွေကတော့ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ငစိန်ဆန် ၂၄၇၇၃ တန်၊ ဧည်မထဆန် ၆၁၂၄ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၄၂၅၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၂၀၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ဆန်တင်ပို့မှုလျော့ကျပေမယ့် ဆန်ကွဲတင်ပို့မှု ပိုမို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၅၀  သန်းဖိုးရှိ ဆန်ကွဲ တန် ၇၅၀၀ ကျော်တင်ပို့ပြီၤး ယခင်တစ်ပတ်ထက် ၂၇၉၈ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ပင်လယ်ရေကြောင်း တင်ပို့မှု မှ ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၈ သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၄၆၀၈ တန် တင်ပို့ခဲ့ပါတယ်။ ဆန်ဖြူ တင်ပို့မှုအနေနဲ့ တရုတ်နိုင်ငံသို့  ဧည့်မထဆန် တန် ၂၁၀၀ ၊ အီးယူနိုင်ငံ များသို့ ငစိန်နဲ့ ဧည့်မထဆန် ၁၇၂၅ တန်နဲ့ ယူအေအီးနိုင်ငံသို့ ငစိန်ဆန် တန် ၁၅၀၊ ပေါင်းဆန်ကို စင်ကာပူနိုင်ငံသို့ ၄၂၅ တန်နဲ့ အီးယူနိုင်ငံသို့ ၂၀၈ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် တန် ၂၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ဆန်ကွဲတင်ပို့မှုကတော စင်ကာပူနိုင်ငံသို့  ၁၂၅ တန်နဲ့ အီးယူနိုင်ငံများသို့ ၂၀၇၅ တန်တင်ပို့ခဲ့ပါတယ်။ တန်ဖိုးအနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၈၇ သန်းဖြစ်ပါတယ်။ ဆန်ကွဲတင်ပို့မှုကလည်း ၈၂၅ တန်ပိုမိုပါတယ်။ ယခုသီတင်းပတ်မှာ နယ်စပ်နဲ့ ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှု ၃၉၇၅၅ တန်ဖြစ်ပြီး ဆန်ကွဲတင်ပို့မှု မှာ ၉၇၀၀ တန်ဖြစ်ပါတယ်။                 
 ယဉ်ယဉ်အေး

 

Local Trade News

Pages