တောင်သူများ သီးနှံစိုက်ပျိုးချိန် မျိုးဈေးကြီးမြင့်

Fri, 11/27/2015 - 11:18 -- admin_ygn

 စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်မှာ ယာမြေ ဧက ၉ ဒသမ ၈ သိန်းကျော်ရှိပြီး ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံစိုက် ပျိုးဧက ၆ ဒသမ ၇သိန်းကျော်ရှိပါတယ်။ ယာသီးနှံသာ အဓိက ထားစိုက်ပျိုးတဲ့တောင်သူများက  ပြည်ပဈေးကွက်ဝင် နှမ်း ဆင်းရတနာ (၃) ခေါ် နှမ်းနက်မျိုးများ အဓိကထားစိုက်ပျိုးပေ မယ့်  အောက်တိုဘာလတွင်  မိုးအဆက်မပြတ်ရွာ သွန်း မှုကြောင့် ဖြစ်ထွန်းမှုနည်းပြီး အပျက်အစီးများခဲ့ပါတယ်။ နှမ်းနက်မျိုး ရဲ့သဘာဝက မိုးခေါင်ဒဏ်ခံနိုင်တဲ့မျိုးဖြစ်သဖြင့် မိုးများရင် ဖြစ်ထွန်းမှု နည်းနိုင်ပါတယ်။တောင်သူများ ဟာ ပျက်စီးတဲ့ယာမြေများမှာ ကုလားပဲ၊ နေကြာ၊ ဆောင်းမြေပဲ၊  ဂျုံ စတဲ့သီးနှံများ အချိန်မီအစားထိုး စိုက်ပျိုးလျက်ရှိပါတယ်။ နေကြာစေ့ကို စိုက်ပျိုးရေးမှ ထုတ် လုပ်ရောင်းချတဲ့  စပ်မျိုးနေကြာ တစ်ဧကစာ ၃ ပြည်ထုပ် တစ်ထုပ်ကို ၁၃၅၀၀ ကျပ်ပေးရပြီး၊ အထွက်နှုန်းကောင်းတဲ့ အပြင် ဆီကြိတ်ရာမှာလည်း ရိုးရိုးနေကြာ တစ်တင်းကြိတ်ရင် ၃ ဒသမ ၅ ပိဿာရရှိပြီး စပ်မျိုးနေကြာမှာ ၅ ဒသမ ၄ ပိဿာ ရရှိကြောင်း တောင်သူများ၏ပြောပြချက်အရ သိရှိရပါတယ်။တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးချိန်မှာ မျိုးစေ့ဈေး နှုန်းကြီးမြင့်နေကြောင်း၊  တောင်သူများက ပြောပြပါတယ်။ ယခုလက်ရှိ မျိုးစေ့ဈေးနှုန်းများမှာတော့ နှမ်းနက်တစ်တင်း ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်၊ ကုလားပဲ တစ်တင်း ၄၀၀၀၀ ကျပ်၊ ပဲစင်းငုံ  တစ်တင်း ၅၁၀၀၀ ကျပ်၊   မတ်ပဲ  တစ်တင်း ၇၀၀၀၀ ကျပ်နဲ့ ပဲတီစိမ်း ၅၀၀၀၀ ကျပ်၊ မြေပဲဆန်   တစ်တင်း ၅၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၃၅၀၀၀ ကျပ်ရှိကြောင်း သိရ ပါတယ်။    
သန်းပို-ယင်းမာပင်

Local Trade News

Pages