တောင်သူများကြိုက်သော ရွှေလှံဆန်ကော

Mon, 07/04/2016 - 07:15 -- admin_ygn

ကျေးလက်ဒေသများတွင် ဝါးဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများကို ရှေးယခင် ကာလမှ ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြု လျက်ရှိကြသည်။   မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ  ရွှေလှံ၊ မြေစွန်း တော်၊ ရွာ သစ်ေ ကျး ရွာနှင့် ပေါက်တောကြီး ကျေးရွာတို့သည် ဝါးဖြင့်ရက်လုပ်၍ ကြိမ်ဖြင့် ကွပ်သော ဆန်ကော၊ ဆန်ခါ၊ ဖျာ၊ တောင်း၊ ရေအိုးဖုံး၊ ထမင်းစားပွဲအုပ်ဆောင်း စသည် တို့ပြုလုပ်ရာတွင်နာမည်ကြီးလှ သည်။ရေစကြိုမြို့ နယ်၊ ရွှေလှံေ ကျးရွာမှ ဆန် ကောလုပ်ငန်းရှင်တစ်ဦးက    ပြောရာတွင် ဆန်ကော၊ ဆန်ခါ ရက်လုပ်ရာတွင် ဝါးနှင့် ကြိမ်ကို အဓိကထားပြုလုပ်ကြောင်း၊ မိမိတို့ရွာ သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ်ခု ကြားရှိသောေ ကြာင့်   ကုန်ကြမ်းဝါး များကို မြစ်ကြောင်းတစ်လျှောက်  မျှောဆင်းသော ဝါးဖောင်များမှ  ဝယ်ယူကြောင်း၊ အရွယ် အစားလိုက်၍ ဝါးတစ်လုံး ကျပ် ၈၀၀မှ ကျပ် ၁၀၀၀ ပေးရကြောင်း၊ ကြိမ်ကို ရေစကြိုမြို့နှင့် မန္တလေးမြို့များမှ ကြိမ်လုံးရေ ၂၀၀ ပါ တစ်စီး ကို အရွယ်အစားလိုက်၍ ကျပ် ၁၅၀၀၀ မှ ကျပ် ၂၅၀၀၀ ပေးရကြောင်း၊ ဝါးတစ်လုံးတွင် ဆန်ကော လေးချပ်ထွက်ရှိကြောင်း၊ ယင်းလုပ်ငန်းများအား   ကိုယ်တိုင်ရက်လုပ်ခြင်းဖြင့် လည်းကောင်း၊ ကျေးရွာ ရှိ ငွေကြေး တတ်နိုင်သူ ဆန်ကောကုန်သည်များမှ   အခကြေးငွေဖြင့် လုပ်ကိုင်စေခြင်း ဖြင့်လည်းကောင်း၊ ၎င်းင်းတို့၏ တောင်သူလုပ်ငန်းနှင့်  တွဲဖက်၍  လုပ်ကိုင် ကြောင်း ၊ အခကြေးငွေဖြင့် ရက်လုပ်သူများမှာ တစ်နေ့ ဆန်ကောငါးချပ်  ရက်လုပ်နိုင်ပြီး ဝင်ငွေအနေဖြင့်  ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ အထိရရှိကြောင်း သိရှိရပါသည်။
ဆန်ကော၊   ဆန်ခါရက် လုပ်ရာတွင် မိသားစုလိုက်ပြုလုပ်ကြောင်း ရာသီအလိုက် ဝါးလက်မှုလုပ်ငန်းများ  ရွေးချယ်ပြုလုပ် ကြောင်း တောင်သူသီးနှံပေါ်ချိန်တွင် တောင်း၊ ရိုင်ပတ်၊ ဖျာ၊ ပုတ်တို့ ပြုလုပ်ကြောင်း၊ တောင်သူ သီးနှံေ ပါ် ချိန်   မဟုတ်ပါက ဆန် ကော၊ ဆန်ခါ၊  ရေအိုးဖုံး၊ ထမင်းစားပွဲအုပ် ဆောင်း၊ ဈေးခံတောင်း၊ ကလေးပုခက်တို့ပြု လုပ်ကြောင်း၊ အိမ်ရှိမိသားစုဝင်များက ဝါး လက်မှုလုပ်ငန်းကို အိမ်တွင်လုပ် ကိုင်ပြီး ကျန် မိသားစုဝင်များက နယ် လှည့်ရောင်းချကြောင်း၊ အချို့က   ဖောက်သည်ယူကာ   ရေစကြို၊  ပခုက္ကူ၊  မကွေး၊ ပခန်း၊ မအူ၊ ပရိမ္မ၊ ကျောက် ရစ်၊ မြောင်၊ ကူနီပွဲ (ကိုကြီးကျော်)စသည်ဖြင့် ဘုရားပွဲတော် များနှင့်   ရိုးရာနတ်ပွဲများတွင် ဒေသအနှံ့ လိုက်လံေ ရာင်း ချကြောင်း ဒေသခံ တစ်ဦးက ပြောကြားပါသည်။
ကျေးရွာတစ်ရွာ  ထုတ်ကုန်တစ်မျိုး ဖြစ်သည့် ဝါးလက်မှုပစ္စည်းများကို တောင်သူ လုပ်ငန်းဖြင့်တွဲဖက်၍ တစ်နှစ်ပတ်လုံး တွင် ကျယ်စွာ ပြုလုပ်ကြသည်။ ဆန်ကော၊ ဆန်ခါ ရက်လုပ်ခြင်းသည်   အိမ်တွင်းအသေးစား ကုန် ထုတ် လုပ်ငန်းဖြစ်သောကြောင့် မိသားစု အတွက် ပုံမှန်အပိုဝင်ငွေ ရရှိလျက်ရှိသည်ကို တွေ့ရသည်။ လက်ရှိဈေးကွက်တွင် ဆန်ကော တစ်ချပ် ကျပ် ၁၃၀၀ မှ ကျပ် ၂၈၀၀၊ ဆန်ခါ တစ်ချပ်ကျပ် ၂၀၀၀ မှ ကျပ် ၃၅၀၀၊ ရေအိုးဖုံး တစ်လုံး ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀၊ ဆန်ခါခုံး တစ်လုံး ကျပ် ၁၂၀၀ မှ ကျပ် ၁၅၀၀ စသည့် ဈေးနှုန်းအသီးသီးဖြင့်  ရောင်းချလျက်ရှိကြ သည်။
ထို့ကြောင့်   ရေစကြိုမြို့နယ်၊   ရွှေလှံ ကျေးရွာ ဆန်ကော၊ ဆန်ခါများသည်အကွပ် စိပ်ပြီး သပ်ရပ်ခိုင်မာ တောင့်တင်းမှုကြောင့် ဈေးကွက်တွင်   တောင်သူများအများဆုံး ဝယ်ယူအသုံးပြုလျက်   ရှိပါ သောကြောင့် ရောင်းအား သွက် ကာ ရက်လုပ်သူများ စီးပွား ရေးအဆင်ပြေလျက်ရှိကြောင်း   သိရှိရပါ သည်။
အောင်မြိုင်( DOT-MDY)

Local Trade News

Pages