တောင်တွင်းကြီးမြို့နယ်ရှိ ဝါစိုက်တောင်သူများ စျေးကောင်းရရှိပြီး အဆင်ပြေ

Tue, 02/20/2024 - 04:58 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ဝါစိုက်ဧက ၇၄၄၅ ဧက စိုက်ပျိုးထားရှိပြီး ဝါစိုက်တောင်သူများ အနေဖြင့် အိန္ဒိယမျိုးဖြစ်သော ရာကာ ၆၆၆ ဝါမျိုးစေ့ကို အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခုနှစ်တွင် ၁ ဧကလျှင်  ၃၀၀ ပိဿာ ထွက်ရှိကြောင်း၊ ဝါကောက်ချိန် ပထမအပတ်တွင် ဝါတစ်ပိဿာလျှင် ကျပ် ၃,၂၀၀-၃,၃၀၀ ၊ ဒုတိယ ပတ်တွင် ကျပ် ၃,၃၀၀-၃,၄၀၀၊ တတိယပတ်တွင် ဝါဖွေးပြီးကောင်းလျှင် ၃,၆၀၀ ကျပ်၊ ဝါမကောင်းလျှင် ၃,၀၀၀ ကျပ်ရရှိကြောင်း၊ ယခုနှစ်တွင် ဝါအထွက်နှုန်းနည်းသော်လည်း စျေးကောင်းရရှိ၍ ဝါစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages