တောင်ကိုရီးယားနိုင်ငံ၏ KOTRA အား လေ့လာသင်ယူရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ ဦးဆောင်သည့်အဖွဲ့ တောင်ကိုရီးယားနိုင်ငံသို့ ဒုတိယအသုတ်အဖြစ် ထွက်ခွာ

Wed, 11/25/2015 - 10:39 -- admin_ygn

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ ဦးဆောင်မှုဖြင့် တောင်ကိုရီးယားနိုင်ငံတွင်လက်ရှိဆောင်ရွက်နေသည့်  KOTRA  မှ ကုန်သွယ်မှုလုပ်ငန်း   ဆောင်ရွက်နေမှု များအား  လေ့ လာသင်ယူရန် အတွက်သင်တန်းသား သင်တန်းသူ ၂၅ ဦးသည် တောင်ကိုရီးယားနိုင်ငံသို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်  ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထွက်ခွာ သွားေ ကြာင်း သိရသည်။အဆိုပါ  သင်တန်းသား သင်တန်းသူ ၂၅ ဦးအနက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ၂၀ ဦး၊ အခြားဝန်ကြီးဌာနများမှ ငါးဦးတို့ လေ့ လာသင်ကြား လျက် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်ရေး   လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက်  MYANTRA ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန် အတွက် ယခုကဲ့သို့  တောင် ကိုရီး ယားနိုင်ငံသို့ လေ့လာ ရေးသင်တန်းများ စေလွှတ်ခြင်းဖြစ် ကြောင်းသိရသည်။MYANTRA ကို ဖွဲ့စည်းတည်ထောင်နိုင်ရန်အတွက်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် ဆက်စပ်ဌာနများမှ အရာထမ်း အမှုထမ်းများ  ပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းပြီး  မြန်မာနိုင်ငံ၏ကုန်သွယ်မှု ကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်း ရရှိပါသည်။                                                                          
    မယ်သီတာ

Local Trade News

Pages