တောင်ကိုရီးယားနိုင်ငံသို့ စိန်တစ်လုံးသရက်သီးတင်ပို့တော့မည်

Fri, 06/03/2016 - 08:36 -- admin_ygn

စိန်တစ်လုံးသရက်သီးများကို အလုံးလိုက်အဖြစ်လည်း ကောင်း၊ အစိတ်များစိတ်ခွဲ၍လည်းကောင်း၊ သရက်သီးအနှစ် (Paste)   အဖြစ်  လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချသွားရန်  တောင်ကိုရီးယား ကုမ္ပဏီတစ်ခုနဲ့ မြန်မာကုမ္ပဏီတစ်ခုတို့ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။လောလောဆယ်မှာ စိန်တစ်လုံးသရက်သီးများကို အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေတာ ဖြစ်ပါတယ်။ မေလကုန်ပိုင်းမှာ တောင်ကိုရီးယားကုမ္ပဏီရဲ့ ဝယ်ယူမှုကို စတင်မှာ ဖြစ်ပါတယ်။ အထွက်နှုန်းအပေါ် မူတည်ပြီး ဇွန်လ ကုန်အထိသာ တင်ပို့သွားမယ်လို့သိရပါတယ်။ အအေးခန်း ကုန်သေတ္တာများအတွင်းထည့်သွင်းပြီး ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့သွား မှာဖြစ်ပါတယ်။ ကျောက်ဆည်၊မိတ္ထီလာ နဲ့ ရမည်းသင်းဒေသထွက် စိန်တစ်လုံးသရက်သီးများကို တင်ပို့သွားမှာဖြစ်ပြီး ယခုနှစ်ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်း၈၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့တယ်လို့ သိရပါ တယ်။     
နှစ်စဉ်သရက်သီးမျိုးစုံ (စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက်၊ ပန်းဘင်္ဂလား) တန်ချိန် ၄ တန်ခန့်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းကျော်ဖိုး  ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပြည် ပဈေးကွက်သို့ သရက် သီးတင်ပို့မှု ပိုမိုရရှိရေးအတွက် (GAP-Good Agricultural Practices) စိုက်ပျိုးရေးဆိုင်ရာ ကောင်းမွန်သော အလေ့ အကျင့်နဲ့စပ်လျဉ်းတဲ့ လက်မှတ်များကို ယခုနှစ်က စတင် လုပ် ဆောင်နေပြီလို့ သတင်းရရှိပါတယ်။သရက်စိုက်တောင်သူရဲ့ စိုက်ခင်းမြေအနေအထား၊ စိုက်ကွင်းအခြေအနေ၊ စိုက်ပျိုးထားရှိမှု၊ စိုက်ပျိုးရေး ဆေးသုံး စွဲမှု၊ စိုက်ပျိုးမှုမှတ်တမ်းနဲ့ အလုပ်သမားအခြေအနေများကို စိစစ်ပြီး နေပြည်တော်
 စိုက်ပျိုးရေး ရုံးချုပ်သို့ တင်ပြထုတ်ပေး မှာလို့သိရပါတယ်။GAPလက်မှတ်ရရှိထားခြင်းအားဖြင့် သရက်သီးနဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံမှုရှိကြောင်း အာမခံ ပါတယ်။
ပိတောက်

Local Trade News

Pages