တရုတ်နယ်စပ်တွင် မြန်မာဖရဲများ ဈေးကောင်းရ

Fri, 11/27/2015 - 11:15 -- admin_ygn

ဖရဲသီးစပေါ်ချိန်ဟာ စက်တင် ဘာလဖြစ်ပြီး ဧပြီလတွင် ဖရဲရာသီကုန် ဆုံးကြောင်း ၊ ဖရဲရာသီအစ စက်တင်ဘာ လမှ လက်ရှိအချိန်ထိ  တရုတ်နိုင်ငံသို့ ဖရဲတန်ချိန် နှစ်သောင်းကျော်ခန့် တင်ပို့ ခဲ့ပြီးဖြစ်ကြောင်း   မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရပါတယ်။နိုဝင်ဘာလ ဒုတိယပတ်မှာတော့ မြန်မာ-တရုတ်  နယ်စပ် ရှိ မူဆယ်(၁၀၅)မိုင်   ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၄၉၀ သန်းတန်ဖိုးရှိ ဖရဲသီး တန်ချိန် ၄၈၅၀ တင်ပို့ခဲ့ပါတယ်။ မကွေး တိုင်းဒေသကြီး ဆိပ်ဖြူဒေသထွက် ထိုင် ဝမ်ဖရဲများကို တရုတ်နိုင်ငံမှ ဝယ်ယူနေ မှုကြောင့် ဈေးကောင်း ရရှိနေကြတယ်၊ ထိုင်ဝမ်ဖရဲဟာ အရင်းအနှီး ကြီးပေမယ့် ဒေသမျိုးများထက် အမြတ်ပိုကျန်တာ ကြောင့်  မိုးရာသီနဲ့ ဆောင်းရာသီတွင် စီးပွားဖြစ်စိုက်ပျိုးကြတယ်၊ ယခုအခါ မူဆယ်ဖရဲဈေး ကွက် တွင် ဖရဲ တစ်တန် လျှင် ယွမ် ၂၀၀၀ ကျော် ရောင်းချနေကြရ တယ်လို့ သိရပါတယ်။

မော်မော်အောင်

 

Local Trade News

Pages