ဇွန်လကုန်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာပဲဈေးအားလုံးလိုလို ဈေးငြိမ်အရောင်းအဝယ်ဖြစ်

Mon, 07/04/2016 - 06:41 -- admin_ygn

 

ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံဈေးကွက်မှာ ဇွန် လကုန်ပတ်အတွင်း မတ်ပဲ၊ ကုလားပဲ၊ ပဲပုပ်၊ ပဲကြီးသီးနှံ များ ဈေးငြိမ်နေပြီး ပဲစင်းငုံဈေးအနည်းငယ်ပြန်မြင့်လာ ခဲ့ပါတယ်။ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးသီးနှံများမှာ နေ့စဉ် အိတ် ၃၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့်  ပဲစင်းငုံသီးနှံမှာ လက်ကျန်ပဲ သာရှိခဲ့လို့ ရက်ခြားစုပြီး ဝယ်ယူနေကြရတာကိုတွေ့ရပါတယ်။ ကျန်ပဲအချို့ကတော့ လက်လီသာအဝယ်ရှိခဲ့ကြပါတယ်။မတ်ပဲသီးနှံ မှာ နေ့စဉ်ဝင်ရောက် ခဲ့သော်လည်း အိတ် ၂၀၀ ခန့်သာ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များမှ ဝင်ရောက်လျက်ရှိသလို လက်ကျန်ပဲများလည်းရှိတဲ့ အတွက် ရန်ကုန်ဝယ်လက်  ဝယ်လိုအားရှိ သလောက်သာ အရောင်းအဝယ်ဖြစ် ခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ ယခင်တစ် ပတ်ကအတိုင်း ဈေးငြိမ်နေတဲ့အတွက် တစ်တင်း ကျပ် ၅၇၅၀၀ နဲ့အရောင်းအဝယ်ဖြစ် နေပြီး ဇွန်လဆန်းရက်ကဈေးထက် တော့ လကုန်ပတ်မှာ ဈေးပိုခဲ့ပါ တယ်။
ဇွန်လဆန်းမှာ မတ်ပဲသီးနှံဈေးနှုန်းအနေဖြင့်   တစ် တင်း ကျပ် ၅၂၀၀၀ သာရရှိခဲ့လို့ လကုန်မှာ တစ်တင်းကျပ်ငါး ထောင်ခန့်ဈေးပိုရခဲ့ပြီး ယခင်နှစ် ဇွန်လကုန်ဈေးထက်လည်း ဈေးပိုရခဲ့တာကို တွေ့ရပါ တယ်။ ယခင်နှစ် က ဇွန်လကုန်ဈေး မှာ တစ်တင်းကျပ် ၄၁၅၀၀ ခန့်ရရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က မတ်ပဲဈေးဟာ ဇူလိုင်လမှစ၍ နှစ်ကုန် အထိ ဈေး တရိပ်ရိပ်တက်လာခဲ့တဲ့အတွက် ယခုနှစ်ကာလတူမှာလည်း ကျပ် ၅၇၅၀၀ ၊ ကျပ် ၆၀၀၀၀ နီးပါးရရှိနေတာကို  တွေ့ ရပါတယ်။ ဒါကြောင့် ယခင်နှစ်ကဲ့သို့ နောက်ပိုင်းကာလများ မှာ ဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာကြောင့် တချို့ လှောင်လက်နှင့်တောင်သူများအနေနဲ့ ပဲများဆက်လက်သို လှောင်ထားရှိနေ ခဲ့တယ်လို့လည်း သိရပါတယ်။ပဲစင်းငုံသီးနှံမှာ ပဲအဝင်မရှိပေမယ့် လက်ကျန်ပဲ အချို့ ရှိခဲ့လို့ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရန်ကုန် ဝယ်လက် များက ရက်ခြားစုပြီး  ဝယ်ယူနေကြတာကြောင့် အရောင်း အဝယ်ဖြစ်သည့်ရက်တွင် အိတ်၃၀၀ ကျော် ၄၀၀ ခန့်အထိ ရောင်းချခဲ့ပါတယ်။ ပဲဈေးကွက်မှာတော့ အခြားပဲများဈေးငြိမ် နေပေမယ့် ပဲစင်းငုံသီးနှံက ဈေး အနည်းငယ်ပိုရလာတဲ့အတွက် တစ်တင်းကျပ် ၄၉၀၀၀ နဲ့  ယခင်တစ်ပတ်ထက်ကျပ်တစ် ထောင်ခန့်ပို ရ ရှိခဲ့တာကို  တွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ လည်း လဆန်းရက်က တစ်တင်းကျပ် ၄၇၅၀၀၊ လကုန်ရက်မှာ တစ်တင်းကျပ် ၄၉၀၀၀ ဖြင့် လကုန်ရက်မှာ တစ်တင်းကျပ် ၂၅၀၀ ခန့်ပိုလာခဲ့ပါတယ် ။ ယခင်နှစ်ကဇွန်လအတွင်း မတ်ပဲ နှင့်   ပဲစင်းငုံသီးနှံမှာ  ဈေးပြိုင်ရရှိပေမယ့်  ယခုနှစ်မှာတော့ ပဲစင်းငုံသီးနှံဈေးထက်မတ်ပဲဈေးက ဈေးကောင်းရခဲ့ကြောင်း လေ့လာသိရှိရပါတယ်။
ကုလားပဲသီးနှံမှာလည်း ပန်းတောင်း၊ ရွှေတောင်၊ မင်း တုန်း၊ ကံမမြို့နယ်များမှ နေ့စဉ်ဝင်ရောက်ခဲ့ပေမယ့် အိတ် ၁၅၀ ကျော် ၂၀၀ ခန့်သာ ဝင်ရောက်ခဲ့ပြီး ပဲအဝင်ပါးသွားခဲ့ သော်လည်း ပဲလက်ကျန်များရှိခဲ့လို့ ပုံမှန်အရောင်း အဝယ် ရှိခဲ့ ပါတယ်။ ခွဲစက်သမား ဝယ်ယူမှုရှိလို့ ဝင်လာသမျှပဲများရောင်း ချခဲ့ကြရကာ အိတ် ၂၀၀ ကျော် ၃၀၀ အထိ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ကုလားပဲသီးနှံဈေးမှာ ယခုနှစ်တွင်ပြည်ပဝယ်လို အားရှိသောပဲ များ လောက်ေ ဈးမ ရရှိသော်လည်း ဈေးကောင်း ခဲ့တဲ့ပဲဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ပဲသစ်စပေါ်ချိန် ဖေဖော် ဝါရီလတွင် ဈေးနှုန်းသိပ်မကောင်းခဲ့လို့ ကျပ်သုံးသောင်း အောက်သာရရှိပေမယ့် ဧပြီလမှ စ၍ ပဲဈေးနှုန်း ဆက်တိုက် မြင့်လာကာ တစ်တင်း ကျပ်လေးသောင်းကျပ်ထိ ရရှိခဲ့တာ ကိုလည်း တွေ့ခဲ့ရပါတယ်။
ပြည်တွင်းဝယ်လက်သာရှိတဲ့     ပဲတစ်မျိုးဖြစ်သည့် ပဲကြီးသီးနှံမှာလည်း အိတ် ၂၀၀/၃၀၀ ခန့် ရွှေတောင်၊ ကျီးသဲ၊ မင်းတုန်း၊ ကံမဘက်မှ နေ့စဉ်ဝင်ရောက်ခဲ့ပါတယ်။ ပဲကြော်ဖို လုပ်ငန်းသမားများမှ နေ့စဉ်ပုံမှန် အဝယ်ရှိ တာေ ကြာင့် တစ် နေ့အိတ် ၃၀၀ ကျော် ရောင်းချခဲ့သလို ပဲကြီး(ရွှေကျွန်း)ထက် (ကမ်းနား)ပဲက အရောင်းအဝယ် ပိုသွက်ခဲ့တယ်လို့ သိရပါ တယ်။ ဈေးနှုန်းမှာတော့ (ရွှေကျွန်း) တစ်တင်းကျပ်၂၈၀၀၀၊ (ကမ်းနား ) တစ်တင်း ကျပ် ၂၆၀၀၀ ရရှိတာကြောင့် ကမ်းနားပဲ ဈေးမှာ ယခင် တစ်ပတ်ထက်ဈေးအနည်းငယ်  ပိုရလာခဲ့ပါ တယ်။ ယခုလအတွင်း ပဲကြီးသီးနှံဈေးနှုန်းများမှာ အခြားပဲ များကဲ့သို့မဟုတ်ဘဲ တစ်လလုံး ဈေးငြိမ်နေခဲ့ကြောင်း သိရပါ တယ်။
ပဲလွန်းဖြူ၊  ထောပတ်ပဲ၊  ပဲပုပ်သီးနှံဈေးနှုန်းများမှာ ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေတာကြောင့် ပဲလွန်း ဖြူတစ်တင်း    ကျပ် ၂၁၅၀၀၊ ထောပတ်ပဲတစ်တင်း ကျပ် ၁၄၅၀၀၊ ပဲပုပ်တစ်တင်းကျပ်၂၁၀၀၀ ဖြင့်သာ အသီးသီးဈေး ရ ရှိခဲ့ပြီး ဝယ်လက်ကလည်း လက်လီသာအရောင်းအဝယ်ဖြစ် လို့ အိတ်အနည်းငယ်သာ ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။

 ခင်ဆွေဝင်း

Local Trade News

Pages