ဆီထွက်သီးနှံဈေးကွက်ထဲမှာ ဘုတလင်နေကြာဆီ ဈေးမြောက်လာ

Thu, 11/12/2015 - 13:01 -- admin_ygn

မုံရွာကုန်စည်ဒိုင်ဆီဈေးကွက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက တစ်ပိဿာ ၄၇၀၀ ကျပ်အထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ရာက  ဒိုင်မှာမြေပဲဆန် လှိုင်လှိုင် ဝင်ခဲ့လို့ ပဲဆီဈေးလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ နိုဝင်ဘာ ပထမပတ် ထဲ တစ်ပိဿာ ၄၄၀၀ကျပ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ နယ်အသီးသီးမှာ နှမ်းအထွက်ပုံမှန်သာရှိပြီး ဒိုင်ကို ပုံမှန်အဝင်ရှိတဲ့ နှမ်းဈေး တည်ငြိမ်မှုကြောင့် နှမ်း ဆီကလည်း တစ်ပိဿာ ၃၉၀၀ ကျပ်မှာ ဈေး တန့်နေတာ တွေ့ရပါတယ်။ ဒိုင်ပြင်ပလက်လီဈေးကွက်မှာတော့ ပဲဆီသန့် တစ်ပိဿာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ် နဲ့ နှမ်းဆီသန့် တစ်ပိဿာ ၅၀၀၀ ကျပ် မှ ၅၅၀၀ ကျပ်ကြား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။နေကြာဆီ ကတော့ မနှစ်ကဆီထွက်သီးနှံပေါ်ချိန်မှာ တစ်ပိဿာ ၃၂၀၀ ကျပ်သာရှိခဲ့ရာက ဒေသတွင်း စားသုံးမှု မြင့်တက် လာခြင်း ၊ လော လော ဆယ် နေကြာကုန်ကြမ်းနည်းပါး ခြင်းတို့ကြောင့်  နေကြာဆီအဓိက ကြိတ်ခွဲထုတ်လုပ်ရာဘုတလင် မြို့ပေါ်က ဆီဈေးကွက်မှာပင် လက်ကား တစ်ပိဿာ ၃၈၀၀ ကျပ်နဲ့ လက် လီ တစ်ပိဿာ   ၄၂၀၀ ကျပ်အထိ ဈေး မြောက်လာခဲ့တာ တွေ့ရပါတယ်။ဘုတလင်မြို့နယ်ဟာ မုံရွာခရိုင် အတွင်းမှာ နေကြာအများဆုံး စိုက်ပျိုး ထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် အတွင်း မိုးစိုက်နဲ့ ဆောင်းစိုက်နှစ်မျိုး ပေါင်း  ဧက ခုနစ်သောင်းကျော်ရှိတယ် လို့ သိရပါတယ်။ မျိုး၊ မြေနဲ့ စိုက်ပျိုးနည်း စနစ်  ကွဲပြားကြသလို   အထွက်နှုန်း လည်းမတူညီဘဲ တစ်ဧက အနည်းဆုံး ၁၅ တင်းနဲ့ အများဆုံး ၂၅ တင်းကြား ထွက်ရှိတယ်လို့ နေကြာတောင်သူတွေ က ဆိုပါတယ်။တောင်သူ    အားလုံးနီးပါးကနေကြာကို ကုန်ကြမ်းအတိုင်းရောင်း ချမှု မရှိသလောက် နည်းပါးပြီး၊ ဘုတလင်ဆီစက်တွေမှာ ကုန်ကြမ်းပေး ကုန်ချောယူစနစ်နဲ့  နေကြာဆီယူခြင်း၊ ဆီပေါက်ဈေးအတိုင်း    ရောင်းခြင်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ နေကြာ တစ်တင်းကို ဆီ ၃ ဒသမ ၅၀ ပိဿာမှ ၄ ပိဿာကြား သတ်မှတ် နှုန်းနဲ့ စက်ပိုင်တွေက ကြိတ်ခတစ်တင်း ၁၀၀၀ ကျပ်နဲ့ တောင်သူကို ပြန်အပ်တဲ့ စနစ်ကျင့်သုံးလျက်ရှိလို့ တစ်ဧကစိုက် ရင် နေကြာ ဆီ ပိဿာ ၆၀ ခန့်ကနေ ၉၀ ပိဿာခန့်အထိ  ရရှိတဲ့အတွက် လော လောဆယ်   လက်ကားဈေး ၃၈၀၀ ကျပ်နဲ့ဆိုရင် တစ်ဧကဝင်ငွေဟာ (ဆီ+ နေကြာဖတ်) အပါအဝင် ကျပ် သုံးသိန်း မှ လေးသိန်းအထိ ရရှိနိုင်လို့ တွက် ခြေကိုက်မှုရှိတယ်လို့ ဘုတလင်မြို့ နယ်က နေကြာစိုက်တောင်သူတွေထံက ကြားသိရပါတယ်။         

ထွန်းလှိုင်-မုံရွာ

Local Trade News

Pages