ဆက်သွယ်ရေးအော်ပရေတာသစ်အတွက် အများပိုင်ကုမ္ပဏီကို ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့်ဖွဲ့စည်းထားပြီးဖြစ်သည်ဟုဆို

Fri, 11/27/2015 - 13:52 -- admin_ygn

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသည် ဆက်သွယ်ရေးအော်ပရေတာသစ်အတွက် အများပိုင်ကုမ္ပဏီတစ်ခုကို ပြည်တွင်းရှိ အများပိုင်ကုမ္ပဏီ ၁၁ ခုနှင့် ပူးပေါင်း၍ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။အဆိုပါအများပိုင်ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းအတွက် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင် တွင် ခွင့်ပြုချက်ရရှိရန် တင်ပြ ထားပြီးဖြစ်ကြောင်း သိရသည်။ဆက်သွယ်ရေးအော်ပရေတာသစ်အတွက် ရွေးချယ်ထားသော ပြည်တွင်း အများပိုင်ကုမ္ပဏီ ၁၁ ခုအပြင် ပြည်ပမှ ကုမ္ပဏီများနှင့်လည်းပူးပေါင်း၍ လုပ် ဆောင်မည်ဖြစ်ပြီး ယခုအခါတွင် ပြည်ပမှ ကုမ္ပဏီရွေးချယ်ခြင်းကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ယင်းအော်ပရေတာ သစ်အတွက် အထူးလုပ်ငန်းကုမ္ပဏီဖွဲ့စည်းရန် ပြည် တွင်းအများပိုင်ကုမ္ပဏီ ၁၇ ခုက တင်ဒါလျှောက်ထားသော်လည်း အများပိုင်ကုမ္ပဏီ အရည်အချင်းသတ်မှတ်ချက်များနှင့် မပြည့်မီခြင်း၊ တင်ဒါပါအချက်အလက်များ နှင့်ကိုက်ညီမှု မရှိခြင်း တို့ကြောင့် ကုမ္ပဏီခြောက်ခုကို ပယ်ထားခဲ့ရကြောင်း သိရ သည်။ရွေးချယ်ထားသည့် ပြည်တွင်းအများပိုင်ကုမ္ပဏီများ၏ မတည်ရင်းနှီးငွေမှာ အနည်းဆုံးကျပ်ငွေ သုံးဘီလီယံအထိရှိရ မည်ဖြစ်ပြီး စတုတ္ထမြောက် အော်ပရေတာ အဖြစ် လုပ်ကိုင်မည့် ကုမ္ပဏီတွင် အစိုးရအနေဖြင့်လည်း ရှယ်ယာတစ်ခုထည့်ဝင်ကာ  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုး ရသည် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်ဆက်သွယ်ရေးဥပဒေများရေးဆွဲခြင်း၊ အော်ပရေတာများ ခွင့်ပြုပေး ခြင်းနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
မယ်သီတာ

 

Local Trade News

Pages