စျေးကောင်းရရှိနေသော ထိုင်ဝမ်ဆီးသီး

Tue, 01/09/2024 - 11:08 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြသော်လည်း ဒေသခံတောင်သူများအနေဖြင့် နှစ်ရှည်သီးနှံဖြစ် သော ဆီးပင်များကို ယာမြေနှင့် ဥယျာဉ်ခြံမြေများတွင် အများအပြားစိုက်ပျိုးလာကြကြောင်း၊ ဆီးပင်စိုက်ပျိုးရာတွင် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံးစိုက်ပျိုးကြပြီး အလုံးကြီးပြီး အရည်အသွေးကောင်းမွန်၍ အရသာရှိသော ထိုင်ဝမ်ဆီးသီးမျိုးများကိုသာ အများဆုံး စိုက်ပျိုးလာကြကြောင်း၊ ဆီးပင်စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်  (၁၅) ပေခြား စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပျိုးပင် (၁၀၀) စိုက်ပျိုးရ၍ စတင်စိုက်ပျိုးသည့် အချိန်မှစ၍ ၂-၃ နှစ်ခန့် အကြာတွင် ဆီးသီးများ စတင်ခူးဆွတ်ရကြောင်း သိရသည်။

   ထိုင်ဝမ်ဆီးသီးများသည် နိုဝင်ဘာလတွင် စတင်ထွက်ရှိ၍ ဈေးကောင်းရရှိပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ရာ ဈေးနှုန်းများအနေဖြင့် လက္ကားဈေးဆီးသီး ၁၀ပြည်ပါ တစ်ဖာလျှင် အလုံးအကြီးအသေးပေါ် မူတည်၍ ၁၈၀၀၀ မှ ၂၀၀၀ဝ ကျပ်ဖြင့် လည်းကောင်း၊ လက်လီဈေး တစ်ပြည်လျှင် အလုံးကြီး ၂၀၀ဝိ/-ကျပ်၊ အလုံးသေး ၁၅၀ဝိ/-ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက် ရှိကြောင်းသိရသည်။ တစ်ပတ်အတွင်း ဆီးသီးခူးဆွတ်မှု အနေဖြင့် ၁၀ ပြည်ပါ ၂၅ မှ ၃၀ ဖာ ရရှိပြီး ယိုစုံလုပ်ငန်းရှင်များမှလည်း ဆီးခြံအထိ လာရောက်၍ ဝယ်ယူလျက်ရှိကြောင်း၊ ယခုနှစ်တွင်မိုးရွာသွန်း မှု ကောင်းမွန်သောကြောင့် ထိုင်ဝမ်ဆီးသီးများမှာ အရည်အသွေးကောင်းမွန်၍ အလုံးကြီးပြီး အထွက်နှုန်းကောင်းမွန်သည့်အပြင် အရောင်းအဝယ်သွက်၍ ဈေးကောင်းရရှိသည့်အတွက် အကျိုး အထွက်နှုန်းနှင့်စျေးနှုန်းအပေါ်မူတည်ပြီး အကျိုးအမြတ်များရရှိကြောင်း ဆီးသီး စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DoCA (မန္တလေး)

Local Trade News

Pages