စလစ်ဈေးတန်းနှင့်ကားငယ်၊ ကားလတ်ဈေးများအနည်းငယ်တက်သော်လည်း အဝယ်ရှိလာ

Fri, 11/27/2015 - 13:53 -- admin_ygn

 နိုဝင်ဘာလ ဒုတိယပတ်၏ ရန်ကုန်ကားဈေးကွက် အခြေအနေမှာ သီတင်း ကျွတ်ပွဲတော်ကာလအပြီး   ရွေးကောက်ပွဲကာလ  အကြိုကာလများတွင် ကား အရောင်း အဝယ်အေးစက် ခဲ့ပြီး ရွေးကောက်ပွဲပြီးကာလများတွင်လည်း   ကားနှင့်ပတ်သက် သည့် မူဝါဒအပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်ခြေမရှိသဖြင့် ယာဉ် ဟောင်းအပ်နှံစလစ်ဈေးနှုန်း များ ပြန် လည်မြင့် တက်လာကာ ကားဈေးတန်းလည်း အနည်းငယ် မြင့်တက်လာခဲ့ကြောင်း သိရသည်။ရွေးကောက်ပွဲပြီးကာလနောက်ပိုင်း  ယခင်က စောင့်ကြည့်သုံး သပ်ခဲ့သော စလစ်ကပ် ကား  အဝယ်များလည်း ပြန်လည်ဝယ်ယူမှုရှိလာသဖြင့် စလစ်ဈေးတန်း မြင့်တက်လာပြီး တန်ဖိုး ကျပ်သိန်း ၁၀၀ အထက်နှင့် သိန်း ၂၀၀ အကြား ကားများပါ ဈေး နှုန်းလိုက်ပါမြင့်တက် လာကြောင်း သိရသည်။ဝါကျွတ်ကာလအပြီး ကျဆင်းလာခဲ့သော စလစ်ဈေးတန်းမှာ ယခုအခါ သုံး သိန်း၊ လေးသိန်းခန့်  အနည်းငယ်မြင့်တက်လာခဲ့ပြီး ပွင့်လင်းရာသီလည်း ရောက် ရှိလာပြီဖြစ်သဖြင့် နယ်ဝယ်လက်များလည်း အမေးရှိလာကာ ကားဈေးကွက်တစ်ခု လုံး ဈေးတန်းနည်းနည်းစီ မြင့်တက်လာကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း အကျိုး ဆောင် ကိုမြင့်ကျော် က ပြောသည်။စလစ်ကပ်ကားများ သူ့အမျိုးအစားအလိုက်  ဂရိတ်အလိုက် ငါးသိန်းမှ ၁၅ သိန်းအတွင်း မြင့်တက်လာသလို သိန်း ၁၀၀ ဝန်းကျင်ကားများ၊ သိန်း ၁၀၀အထက် သိန်း ၂၀၀ ဝန်းကျင်ကားများလည်း အဝယ်ရှိလာပြီး သုံးသိန်းမှ ၁၀သိန်း၊ ၁၂ သိန်း နဲ့ကားအုပ်စုအလိုက်အနည်းငယ်စီ တက်လာနေကာ ယင်းမှာ၂၀၁၆ ခုနှစ်အတွက် မူဝါဒတစ်ခုထွက်မ လာ မခြင်း ရေ ရှည် သွားနိုင်ကြောင်း၊ လတ်တလောတွင် တက္ကစီ အငှားယာဉ်အုပ်စုကားများသာ ဈေးတန်း၊ ဈေးမှန်ရှိပြီး၊  ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းအတွက် နံပါတ်အနက်ယာဉ်များ တက္ကစီပြောင်းလဲခွင့်မပြုသော်လည်း ဈေးမြင့်တက်လာခြင်းမရှိကြောင်း၊ ယင်းသို့ဖြစ်ပေါ်လာရခြင်းမှာ ရန်ကုန်မြို့တစ်မြို့ ထဲ ဝင်ရောက်လာသည့်  တက္ကစီအရေအတွက်မှာ ရာခိုင်နှုန်း အချိုးအစားအရ များ ပြားနေသဖြင့် လောက်ငရုံမက ပိုလျှံနေခြင်းနှင့် နယ်ကျော်တက္ကစီများ ဝင်ရောက် လာမှုအားလည်း တင်းတင်းကျပ်ကျပ် တားဆီးမှုမရှိခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း၊ မည်သို့ပင်ဈေးမြင့်တက်လာစေကာမူ   ရန်ကုန်တိုင်းအတွင်း   ထုတ်ပေးထားသော ကားပါကင် အရေအတွက်မှာလည်း   တစ်ဦးချင်းနှင့်ကုမ္ပဏီသင်းဖွဲ့  စောင်ေ ရလေး သောင်းနီး ပါးေ ရာက်ရှိနေပြီဖြစ်သဖြင့် ယာဉ်ကြောကျပ်တည်းမှု ပြဿနာ ပိုမိုကျယ် ပြန့်လာကာ ၂၀၁၆ ခုနှစ် ရောက်မှသာ ဥပဒေသစ်၊ မူဝါဒသစ်များဖြင့် ဖြေရှင်း နိုင် ဖွယ်ရှိကြောင်း ယာဉ်ဝယ်ရောင်းဝါရင့် အကျိုးဆောင်များမှ သုံးသပ်ကြသည်။
SN

Local Trade News

Pages