ဂန့်ဂေါမြို့နယ်အတွင်း ပဲယင်း(နီ)သီးနှံများ ရိတ်သိမ်း

Tue, 01/02/2024 - 04:04 -- mocadmin

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကျွဲနန်း၊ လက်ပံ၊ တောင်လယ်၊ ရွှေတောင်၊ သာကောင်း၊ တောင်ယာပြင်၊ အင်တိုင်း၊ မောက်လင်း၊ မွှေ့လယ်၊ ဝယ်လှောင်၊ ထယ်လှောင်နှင့် မောက်ရွာစသည့် ကျေးရွာများတွင် ပဲယင်း(နီ)၊ နှမ်းမျိုးစုံနှင့် အခြားပဲ သီးနှံများကို စိုက်ပျိုးကြကြောင်း၊ မောက်ရွာတွင် ပဲယင်း (နီ) စိုက်ပျိုးဧက (၁၅၀၀၀) ကျော်ရှိ၍ ပဲယင်းကို တော်သလင်းလကုန် သီတင်းကျွတ်လဆန်းတွင် စတင်စိုက်ပျိုးကြပြီး ကြဲပက်စနစ်ဖြင့် သီးထပ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း (၁၀၀) ကျော်လျှင် ရိတ်သိမ်းရပြီး ပဲယင်း (နီ) စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် ကျပ် (၅) သိန်း ကုန်ကျကြောင်း၊ လက်ရှိ အချိန်တွင် ပဲယင်း(နီ) များ စတင်ထွက်ပေါ်နေပြီဖြစ်ရာ တစ်ဧကထွက်နှုန်းအနေဖြင့် (၂၅-၃၀) တင်း ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် (၆၅,၀၀၀) ကျပ် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပဲယင်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိကြောင်း ပဲယင်းစိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရသည်။

DOCA (မကွေး)

Local Trade News

Pages