ကျောက်တော်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်တဲ့နေရာမှာ ပြန်လည်စိုက်ပျိုးခဲ့တဲ့ စပါးများအထွက်ကောင်း

Fri, 11/20/2015 - 12:15 -- admin_ygn

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ဇွန်လပထမပတ်မှာ စိုက်ပျိုးခဲ့တဲ့ စပါးများမှာ ဇွန်၊ ဇူလိုင်အတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် မြို့နယ်အတွင်း စပါးစိုက်ဧက ၄၁၂၈၁ ဧက နီးပါး ရေမြုပ်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရပါတယ်။သို့သော်ထိုနေရာတွင် ပြန်လည်စိုက်ပျိုးခဲ့သော မိုးစပါးများမှာ ရေကြီးနစ်မြုပ်စဉ်တင်ကျန်ခဲ့သော နုံးတင်မြေနုများ ကြောင့် စိုက်ပျိုးခဲ့သောစပါးများ အလွန်ကောင်းမွန်နေပြီး ဓါတ်မြေသြဇာသုံးစွဲရန်မလိုဘဲ စပါးပင်များ အလွန် ကောင်း မွန်နေကြောင်း၊ ယခင်နှစ်က တင်း ၄၀ ထွက်တဲ့နေရာမှာ တင်း ၆၀ ထိထွက်နိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါ တယ်။
ထွန်းစံ-ကျောက်တော်

Local Trade News

Pages